Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့

Monday, April 22, 2013

Zbigniew Herbert ရဲ့  လွမ်းစရာ့ ကဗျာတစ်ပုဒ် - ကျော်မျိုး

မြန်မာလိုခေါ်ရခက်တဲ့ နာမည်နဲ့  ZbigniewHerbert ဆိုတဲ့ ကဗျာဆရာကြီးကို ကျွန်တော် စ သိတာကတော့ ဆရာ
မောင်သစ်မင်းဘာသာပြန်တဲ့ “သုံးယောက်ကောင်းကင်” ဆိုတဲ့ ဘာသာပြန်ကဗျာစာအုပ်လေးကနေ သိတာပဲ ။ အဲဒီစာ
အုပ်လေးက၁၉၉၀ နှစ်များကထွက်တာပါ။ခုနှစ်အတိအကျတော့ မမှတ်မိဘူး ။ သူငယ်ချင်းတစ်ယောက်ဆီက နောက်
ဆယ်စုနှစ်တစ်ုနီးပါး၂၀၀၁ လောက်မှာ ဖတ်ဖူးတာပဲ ။ နောက်တော့ ကံကောင်းတိုက်ဆိုင်လို့ ကွယ်လွန်သူ စာရေး
ဆရာကြီး ဥိးငြိမ်းကျော်ရဲ့သားအငယ် ညီအကိုတော်ကို မောင်မောင်သော်(ကိုသော်) က သူ့ အဖေရဲ့ စာအုပ်တွေ အမျိုး
သားစာကြည့်တိုက်ကိုအပြီးမလှူလိုက်ခင်မှာ ကျွန်တော်အဲဒီတုန်းက သိနေတဲ့ အရှေ့ ဥရောပကဗျာဆရာတွေဖြစ်တဲ့
ဟောလဗ် ၊ဟားဗတ် တို့ ရဲ့ ပင်ဂွင်း မော်ဒန် ယူရိုပီယန်ပို့ ယတ် စီးရီးစ် စာအုပ်လေးနှစ်အုပ် ။မော်စကို ပရောဂရတ်
ဆစ်ပါဗလစ်ရှာကထုတ်တဲ့ Marx-Engles-On Literature and Arts နဲ့  Lenin-On Literature and Arts စာအုပ်နှစ်
အုပ်ရယ် ၊ပြီးတော့ ဆရာငြိမ်းကျော်သို့  လို့ ရည်ညွှန်း ထားတဲ့ ဆရာမောင်သိန်းဇော် ရဲ့  “ပြုံးနေတဲ့သံဆူးကြိုးလေး ”က
ဗျာစာအုပ်(အဲစာအုပ်ကစာမူကြိုတင်ခွင့်ပြုချက်နဲ့ ထုတ်ဝေတာဗျ ။ စာအုပ်ရဲ့ ပုံနှိပ်နေ့ စွဲက ၁၉၈၈ ။မတ်လ ။၈၈ အရေး
တော်ပုံကြီးအရှိန်မကြီးလာခင် လပိုင်း ကာလများ အလိုပေါ့ ) ။ ကွယ်လွန်သူ ဆရာကြီး ဦးငြိမ်းကျော်ရဲ့ကျေးဇူးက အဲ
လို ကျွန်တော့်အပေါ်အဲလိုရှိသဗျ။ဒါပေမဲ့ ဦးငြိမ်းကျော်ကို သေသည်အထိကျွန်တော် အနီးကပ်မမြင်ဖူးပါဘူး ။၁၉၉၂
လောက်က အင်းစိန်ပေါက်တောဝမှာစတိတ်ရှိုးလုပ်တော့ ဂစ်တာတီးတာ ကိုသော်ပဲ ။အဲမှာ ပရိသတ်လူငယ်တွေက
အောက်မှာဆူနေလို့ ဆိုပီး ဆရာငြိမ်းကျော်က စင်ပေါ်တက်ပြီး ပွဲထိန်းတော့ ဆရာစကားပြောတာ ခပ်ထွေထွေနဲ့ရယ် ။
နာရီဝက်ကျော်လောက်ကြာနေပြီး၊ “သားတို့ ဆူနေရင် သော်သော့်ကို ဆရာ အခုပြန်ခေါ်သွားတော့မယ်” ချည်းပြော
နေတာနဲ့ ၊ပြီးတော့ဆရာစကားပြောတာ ကြာလာလို့  အောက်က ပရိသတ်က စိတ်ညစ်လာပြီး ဟိုအော်ဒီအော်တွေ
လုပ် လာကြတာလေးတော့ခပ်ဝေးဝေးက ကြုံဖူးသဗျ ။ အင်မတန်နာမည်ကြီးတဲ့ အဲဒီလို စာရေးဆရာကြီးကို ကျွန်တော်
ခပ်လှမ်းလှမ်းကမြင်ဖူးလိုက်ပေမဲ့ နောင်မှာ သူ့ သားနဲ့ ရော ၊သူ့ စာအုပ်လေးတွေတချို့ ပါ ကျွန်တော်နဲ့အင်မတန်ခင်မင်
လာမယ်ဆိုတာတစ်ခါမှ စိတ်မကူးခဲ့မိတာလဲအမှန်ပါ ။ထားပါ ။အဲဒီအမှတ်တရလေးတွေ ။နောင်မှပဲအက်ဆေးလေး ဘာ
လေး သီကုံးမယ်ဗျာ။
                        ဒီလိုနဲ့ ဇာတ်လမ်းကို အတိုချုပ်ရရင်တော့အဲဒီတုန်းက ကျွန်တော်လက်ဆောင်ရခဲ့တဲ့ စာအုပ်လေး
တွေဟာ ကျွန်တော့်ဘဝမှာ ခုထိအရေးပါနေခဲ့တော့တာ တွေ့ ရပါတယ် ။ အဲဒီအထက် စာအုပ်တွေထဲမယ် ယောလဗ်နဲ့ 
ဟားဗတ်စာအုပ်တွေကကျွန်တော့်ကဗျာဘဝမှာ အမှတ်တရဖြစ်သလို ၊မောင်သိန်းဇော်ဟာလည်းကျွန်တော်အနှစ်သက်
ဆုံးကဗျာဆရာများထဲကတစ်ယောက်ဖြစ်လာခဲ့ပါတယ် ။
                 အခု ကျွန်တော်တင်ဆက်လိုက်တာကတော့ဆရာမောင်သစ်မင်းရဲ့ သုံးယောက်ကောင်းကင် ကဗျာစာအုပ်
လေးထဲပါတဲ့ကဗျာတစ်ပုဒ်ပါပဲ ။ အသစ်မဟုတ်ရပါဘူး ။ဖတ်ဖူးတဲ့သူတွေသိကြမှာပါ ။ခုက လက်ထဲမှာ ဆရာမောင်သစ်
မင်း ဘာသာပြန်မူမရှိတာနဲ့ ကိုယ်ပိုင်တဲ့စာအုပ်လေးထဲက ဂျွန်နဲ့ ဘော့ဂ်ဒါနာ ကာပင်တာတို့ ရဲ့ မူကိုယူပြန်ပြီးဒီမှာ တင်
ဆက်လိုက်၇ပါတယ်။ဒါ့ကြောင့် ဆရာမောင်သစ်မင်းတို့ ခေတ်အခါက ကိုင်ပြန်တဲ့ ပင်ဂွင်းခေတ်ပေါ်ကဗျာဆရာများစီးရီး
PenguinModern European Poets series ထဲက မူတွေနဲ့ တော့ တူချင်မှ တူမှာပါ ။ဒါပေမဲ့  တူချင်မှလည်းတူပါလိမ့်
မယ် ။ နဲနဲကွဲနေတာလည်း ရှိနိုင်ပါတယ် ။ဟားဗတ်ကဗျာတွေကိုကျွန်တော်အရင်ကလည်း အချို့ အဝက် ပြန်ဖူးပါတယ်။
အခုယူပြန်တာကတော့ဂျက်ဖရီပိန်း Jeffery Paine တည်းဖြတ်တဲ့ The Poetry of Our World:An InternationalAn-
Theologyof Comtemporary Poetry ကပါ ။ ဒီစာအုပ်လေးကို လက်ဆောင်အဖြစ် မိတ္တူပေးကူးတာကတော့Yangon
Schoolof Political Science က မိတ်ဆွေကြီး ကိုစိုင်းရဲကျော်စွာဖြစ်ပါကြောင်း ကျေးဇူးစကားလေးလည်းမမေ့မလျော့
ဆိုရင်းနဲ့ ….။
                  ကဲဖတ်ကြည့်နိုင်ပါပြီ ရဲဘော်များခင်ဗျား။ကျေးဇူးတင်ပါတယ် ။နောက်လည်း ကဗျာတွေတင်ပါဦးမယ်ဗျာ။
                  



The Rain
When myolder brother
came backfrom the war
he had a little silver star on his forehead
and under the star
an abyss

a splinter of shrapnel
hit him at Verdun
or perhaps at Gru”nwald
(he didn’t remember the details)

He talk a lot in many languages
but most of all he liked
the language of history
until losing breath
he called to his dead comrades under the ground
Roland Jones Hannibal

he shouted
that  this is the last crusade
soon Carthage will fall
and then sobbing confessed
that Napolean doesn’t like him

we watched
him become paler
his senses abandoned him
slowly he was turning into a monument

into musical shells of ears
entered a  stone forest

the skin of his face
was fastened
with two blind dry
buttons of eyes

all he had left
was touch

what stories
he told with his hand
in the right he had romances
in the left soldiers’s memories

they took my brother
and carried him out of town

he returns now every autumn
thin and quiet

he doesn’t want to enter the house
he knocks at the window for me to come out

we walk on the streets
and he tells me
unbelievable tales
touching my face
with blind fingers of weeping
           ZbigniewHerbert
Translated from Polish intoEnglish by John and Bogdana Carpenter

မိုး
ကျွန်တော့်အကို
စစ်ထဲက ပြန်လာတော့
သူ့ နဖူးပေါ်မှာငွေကြယ်တစ်ပွင့်ပါလာခဲ့
ကြယ်ပွင့်ရဲ့အောက်မှာက
ချောက်နက်နက်တစ်ခု

ဗာဒွန်းမှာသူ့ ကို
ဗုံးစတစ်စထိမှန်ခဲ့
ဒါမှမဟုတ်ဂရွန်းဗာ့လ်မှာလည်း ဖြစ်ကောင်းဖြစ်နိုင်သပေါ့
(အသေးစိတ်တွေသူအတိအကျမမှတ်မိ)

ဘာသာစကားမျိုးစုံနဲ့ သူပြောတယ်
ဒါပေမဲ့ အားလုံးထဲသူ့ အကြိုက်ဆုံးက
သမိုင်းဘာသာစကားပဲ
အသက်ရှုမရပ်သွားခင်အထိ
မြေအောက်ကသူ့ ကျဆုံးရဲဘော်တွေကို သူခေါ်တယ်
ရိုလန် ရေ ဂျုန်း ရေ ဟန်နီဘော ရေ

သူ အော်ဟစ်ခဲ့တယ်
ဒါဟာဖြင့်နောက်ဆုံးခရူးဆိတ်စစ်ပွဲပဲ
ကာသေ့ခ်ျမကြာခင် ကျရမယ်
ဒီ့နောက်ရှိုက်ငိုရင်း ဝန်ခံပြန်တယ်
နပိုလီယန်ဟာဖြင့်သူ့ ကို မကြိုက်ဘူးတဲ့

သူ တဖြေးဖြေးဖြူဖျော့လာတာကို
ကျွန်တော်တို့စောင့်ကြည့်ခဲ့တယ်
သူ့ အာရုံတွေကသူ့ ကို စွန့်ပစ်ခဲ့ပြီ
တဖြည်းဖြည်းနဲ့သူဟာ ရုပ်တုတစ်ခု အဖြစ်

နားရွက်တွေရဲ့ ခရုသင်းခရာအဖြစ် အသွင်ပြောင်းသွားခဲ့
ကျောက်သားသစ်တောထဲကိုဝင်ရောက်သွားခဲ့

သူ့ မျက်နှာရဲ့ အရေပြားက
တင်းတင်းချည်နှောင်ခံထားခဲ့ရ
မျက်လုံးတွေရဲ့
ခြောက်သွေ့နေတဲ့ အကန်းကြယ်သီးနှစ်လုံးနဲ့ အတူပေါ့

သူချန်ခဲ့သမျှအားလုံးကတော့
အထိအတွေ့ မျှသာပဲရှိရဲ့

သူ့ လက်တွေနဲ့အတူ သူပြောရဲ့ 
ညာဘက်လက်ထဲမယ်အချစ်အလွမ်းဇာတ်လမ်းတွေ
ဘယ်ဘက်လက်ထဲမယ်စစ်သားတစ်ယောက်ရဲ့ မှတ်ဥာဏ်တွေ

သူတို့ ကျွန်တော့အကိုကို ခေါ်သွားကြပြီး
မြို့ ပြင်ကိုသယ်ထုတ်သွားခဲ့ကြတယ်


ခုတော့ ဆောင်းတွင်းရောက်တိုင်းသူပြန်လာတယ်
ပိန်ပိန်ပါးပါးနဲ့တိတ်ဆိတ်လို့ 

သူ အိမ်ထဲကိုဝင်ချင်ပုံမရဘူး
အပြင်ထွက်လာဖို့ကျွန်တော့်ကို တံခါးခေါက်တယ်

ကျွန်တော်တို့လမ်းတွေပေါ်လျှောက်ကြပေါ့
ပြီးတော့သူက ပြောရဲ့ ကျွန်တော့်ကို
မယုံနိုင်စရာပုံပြင်တွေရယ်
ငိုကြွေးနေတဲ့မိုးရေလက်ချောင်းအကန်းတွေနဲ့ 
ကျွန်တော့်မျက်နှာကို ထိစမ်းရင်းလေ
                   ဇဗစ်ဂညူး ဟားဗတ်      

              ဘာသာပြန်-ကျော်မျိုး

                                  23 April,2013.


ဆရာကြီးရဲ့ ပုံကို အောက်ပါလင့်ခ်က ယူပါတယ် ။
ပုံကို ဒီကယူပါတယ်ဗျာ။ http://bookshop.blackwell.co.uk/jsp/display_large_jacket.jsp?isbn=9781843548836
ကျွန်တော်ယူပြန်တာ ဒီကပါဗျာ။ပုံကိုတော့ အွန်လိုင်း ဒီနေရာက ယူပါတယ်။ http://www.google.com/imgres?hl=en&biw=1366&bih=636&tbm=isch&tbnid=Bdvqp0A-9TtbeM:&imgrefurl=http://guides.wakegov.com/content.php%3Fpid%3D297697%26sid%3D2443476&docid=oVSbrE9bJPtQWM&imgurl=https://catalog.wakegov.com/bookcover.php%253Fid%253D320952%2526isn%253D9780060951931%2526size%253Dlarge%2526upc%253D%2526category%253DBooks%2526format%253D&w=250&h=377&ei=4pR1UZnQJ4zRrQfukYDACQ&zoom=1&ved=1t:3588,r:4,s:0,i:94&iact=rc&dur=1064&page=1&tbnh=178&tbnw=118&start=0&ndsp=32&tx=55&ty=78


No comments:

Post a Comment