Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့

Monday, April 29, 2013

ခင်ဗျားကို ကျုပ်နားလည်ပြီ မအဝှါ


 
ဒီမယ်…                သင်းပင်းစားမှ ဟင်းထမင်းများတဲ့ခေတ်ကြီးမှာ
ခင်ဗျားလင် အဝလွန်တာ ဆန်းသလား မအဝှါ။ အခင်းအကျင်းကိုက
ပိုပိုရှုပ်ထွေးလာလေတော့ ဒီခေတ်ပြောင်းကာလမှာ မိတ်ဆွေဘယ်သူ၊
ရန်သူဘယ်ဝါ မကွဲပြားတော့ဘူးတဲ့လား။ ကျုပ်တို့လူတန်းစားကတော့
ဒီခေတ်ကြီးထဲမှာ ရန်ငါစည်း  ပိုကွဲပြားလာတယ်။ ဒါနဲ့ နေပါဦး၊
ခင်ဗျားက ငါးရှဉ့်လား၊မြွေပွေးလား မအဝှါ။ တချို့က ခေတ်ကိုမှီပြီး
သီးပွင့်ခက်ဖြာကြ၊ တချို့က ဘယ်ခေတ်ရောက်ရောက် ထွန်းတောက်မည့်
မောင်ချောနွယ်တွေ၊ ရှူးဘတ်တွေ။ ခင်ဗျား ဘယ်လိုလူမျိုးလဲ မအဝှါ။
ခင်ဗျားကသံသရာ ခရီးဆက်ချင်သူ၊ ကျုပ်က ဒီဘဝဒီမျှသာဆိုတဲ့ကောင်။
ပါရာဒိုင်း မတူတဲ့ ခင်ဗျားနဲ့ကျုပ်အကြား ဘာစကား ကျန်ဦးမှာလဲ မအဝှါ။
ကျုပ်လဲ ခင်ဗျားလို ယုံကြည်နိုင်ရင်တော့ ဘာတက်တက် ဘလက်ဂျက် ဆိုပြီး 
အာရှတော်ဝင်ဆေးရုံမှာ အေးအေးဆေးဆေး ကလေးမွေးနေချင်ပါတယ်မအဝှါ။
ဒါပေမည့် လောက ဆိုတဲ့ ခင်ဗျားလင်ကြီးက ကျုပ်ကို 'ဆွဆွ' ဆွနိုင်လွန်းစွ။
နွေထနောင်း၊ဆောင်းမကျည်း ဆိုသူတွေထဲမှာ ကျုပ်မပါ။ ဘယ်ရာသီမဆို
ဘေးမခဘဲ အေးမြပါရစေ၊ အေးမြပါစေ မအဝှါ။ ဒါပေမဲ့ မိုးလင်းရင်ရေရှားလို့
ရေမကိုင်နိုင်တဲ့ဘဝတွေတောင် သောက်ရေသန့်နဲ့မကင်းနိုင်ကြတော့ဘူး။
ရှေ့တင်တစ်မျိုး၊ကွယ်ရာတစ်မျိုးလူတွေထဲမှာကျုပ်မပါ။ ကျုပ်က အကိုးအကား
များများ လူမှူရေးဗေဒသမား သန့်သန့်ပါ။ တစ်ရှူးပေပါတောင် ရီဆိုင်ကယ်
လုပ်လို့ရတယ်။ သုံးပြီး လွင့်ပစ်လိုက်ရအောင် 'လူထု' ဟာ 'လူထူ' မဟုတ်ဘူး
မအဝှါ။ အမျိုးသမီး တစ်ယောက်ကို နားလည်မှ အဲဒီ အမျိုးသမီးကို ချစ်တာ
ဆိုရင်ခင်ဗျားကိုကျုပ် မချစ်ဘူး၊ မချစ်နိုင်ဘူး။ အမျိုးသားတစ်ယောက်ကို
ရင်ခုံရင် အချစ်ပဲ ဆိုရင် ခင်ဗျား ကျုပ်ကို ရင်မခုံဘူး။ ကျုပ်နဲ့ဒီမော့ဆို ကို
လိုက်မလား မအဝှါ။ ကျုပ်ကတော့ ဆိုင်ကယ်ကို စိန်ပြေနပြေဖြေးဖြေးမောင်း
တတ်သူ။ ခင်ဗျားပြောတော့ ဘာလုပ်လုပ် ကြာလေကောင်းလေဆို။ ဘိတ်ကို
မြိတ်လို့ပြောင်းအော်လည်း ကျွန်းမြို့ဟာ ကျွန်းမြို့ပဲ။ ကိုင်းကျွန်းမီဆိုရင်
အပြန်အလှန်တော့ရှိဖို့လိုမယ် မအဝှါ။ ကျုပ်ကိုအလိုက်မသိဘူးပြောရအောင်
ကျုပ်ကိုဘာလိုချင်တယ်ဆိုတာ ခင်ဗျား ဘယ်တုန်းကပြောခဲ့ဘူးလို့လဲ။
ကျုပ်ကတော့ ကျုပ်တစ်ယောက်ထဲနဲ့တင် ခင်ဗျားလုံလောက်မယ် ထင်ခဲ့တယ်။
အဝစား တစ်ထောင် ဆိုပြီးမှ လိုက်ပွဲဖိုးတောင်းတာ၊ တက်စီ ငှါးစီးကာမှ
လူပိုတင်ခံရတာ ခံတွင်းပျက်စရာတွေပါ။ ဪ ဒါနဲ့ခင်ဗျားတို့ကဗျာလောက
မှာလည်း ကဗျာခရိုနီတွေ ရှိတာပဲလား မအဝှါ။ ခင်ဗျားကိုနားလည်ချင်လွန်းလို့
နှံစားပြောင်းခေါင်ရေသောက်ပြီး သံလမ်း ခေါင်းအုံးလုပ် စဉ်းစားခန်းဝင်လိုက်တာ
သုံးနာရီအကြာ ခင်ဗျားကို ကျုပ် လုံးဝ လုံးဝ လုံးဝ နားလည်သွားပါပြီ မအဝှါ။
                                                                 ကိုကိုသက် 
 http://www.kaungkin.com မှ

No comments:

Post a Comment