လမ်းဘေးမှာ အလွယ်တကူဝယ်ယူနိုင်တဲ့ အညံစားလူသုံးကုန်ပစ္စည်းတွေ ပေါပြည့် ကိုင်းညွှတ်ရိုကျိုးမှုတွေလည်း နဂိုအတိုင်း အကာလ နဲ့ ညီညွှတ်အဆင်ပြေနေကြတယ် နောက်တစ်ခါ ဒီပုံမျိုးနဲ့မလာဘူး ။ နုပျိုလတ်ဆတ် ၀ိညာဉ်တချို့ဝေးလွှင့် တိမ်မည်းတွေကြား လရောင်နစ်နေသလိုပါပဲ နောက်တစ်ခါ ဒီပုံမျိုးနဲ့လာဘူး ။ ရွှေရောင်းနေတာပါ ဟင်းသီးဟင်းရွက်လို အဆစ်တောင်းခံနေရ ထုံးစံတွေ ဘယ်တော့ဟောင်းမှာလဲ မြောင်းထဲပစ်ချသင့်တာ ကြာပြီ နောက်တစ်ခါ ဒီပုံမျိးနဲ့မလာဘူး ။ နည်းနည်းစောတာနဲ့ နည်းနည်းနောက်ကျတာရဲ့ကြားမှာ တိကျမှုရှိတယ် ။ ဒါပေမယ့် အမြဲလွဲတယ် နောက်တစ်ခါ ဒီပုံမျိးနဲ့မလာဘူး ။ ဆန်းကျယ်စွကောင်းကင်ရယ် ပန်းချီဆရာ ဆေးသွင်းတော်တယ် အာရုံခံကြည့်တာနဲ့ ကွက်တိပဲ နှစ်နှံစပ်လုံချည် ထည်လဲဝတ်တာဆိုးတယ် နောက်တစ်ခါ ဒီပုံမျိးနဲ့မလာဘူး ။ ခပ်ရမ်းရမ်းနူးညံပြချင်တဲ့ဒီဇို ငုတ်ကောင်ဖြစ်နေတာကောင်းမယ် နောက်တစ်ခါ ဒီပုံမျိးနဲ့မလာဘူး ။ မိုးဦးဆွေညိန်း |
ဒီ ဘလော့ပေါ် ခင်ဗျား ဖြတ်လျှောက်တဲ့အခါ သမိုင်းမှတ်တိုင်တွေကို ဖြတ်ရမယ် ။ စိတ်အပန်းဖြေစရာ မဟုတ်တဲ့ လူမှုပတ်ဝန်းကျင်ရဲ့ သက်ပြင်းသံတွေကို ခင်ဗျား ကြားရ နာရ လိမ့်မယ် ။ အဲဒီအသံတွေကို ခင်ဗျားတို့ ရင်ဘတ်ထဲ အထိရောက်ဖို့ ရည်ရွယ်ပါတယ် ။
Sunday, April 28, 2013
နောက်တစ်ခါ ဒီပုံစံမျိုးနဲ့မလာဘူး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment