Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့

Sunday, April 28, 2013

** မြစ်ကြီး နဲ့ ခေတ်မီး **



ဘာမဆိုရောင်းကုန် ဖြစ်နိုင်တဲ့ အနေအထားမှာ
ယုံကြည်စိတ်ချရတဲ့ သတင်းရပ်ကွက်ဟာ
ဘယ်လောက်ထိ အာမခံနိုင်မလဲ

လိုရင်လိုသလိုပြန့်ကား
မလိုရင်မလိုသလိုသေးကျုံ့
အဲသလို ရွဲ့စောင်းမှုနဲ့ကျွန်ုပ်တို့
မိုးချုပ်ပေါင်းများလှပြီ

ရလိုက်တာတွေဟာ
အလုပ်ရှုပ်စရာလား ၊ အရှုပ်လုပ်စရာလား
ငါတို့တွေတော့ပျာယာခတ်နေရဦးမယ်

ဆင်လည်းဆင်အလျောက် ၊ ခြင်လည်းခြင်အလျောက်
ပေါက်တဲ့နဖူး မထူးပါဘူးကွာဆိုတာတွေလည်း ထုနဲ့ထည်နဲ့
အတူတူပါပဲလား

ကွေ့ကောက်တတ်တဲ့သဘာဝကိုလွန်ဆန်ပြီး
ဖြောင့်တန်းစွာဆန်တက်ချင်တဲ့
ငါ့ရဲ့ခြေလှမ်းတွေကတော့
ဘယ်တော့မဆို အသင့်အနေအထား ။ ။

မိုးဦးဆွေညိမ်း

No comments:

Post a Comment