Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့

Sunday, April 28, 2013

** လူနာ **


စာအုပ်ကိုဖွင့်လိုက်တယ်
စာမျက်နှာထဲ ဘာမှပါမလာဘူး။

ခွက်ထဲက လက်ဖက်ရည်
ပါးစပ်ထဲ စောင်းငဲ့ထည့်လိုက်တယ်
လက်ဖက်ရည်ထဲမှာ လက်ဖက်ရည်ပါမလာဘူုး။

သူငယ်ချင်းတစ်ယောက်
အပြင်သွားဖို့လာခေါ်ရာလိုက်ခဲ့တယ်
အရက်ဆိုင်တစ်ဆိုင် ဖြစ်ဖြစ်ပေါ့
ဘယ်လောက်သောက်သောက် မမူးဘူး။

တစ်ခါတလေ
အိပ်ရာပေါ် ပစ်လှဲချလိုက်တယ်
အိပ်ရာပေါ် ဘာမှကျမလာဘူး။

ငါဟာ
ဂီတမဲ့ တေးတစ်ပုဒ်ပါ
ငါ ဘာကိုကျူးရင့်နေတယ်ဆိုတာ
ဘုရားသခင်လည်း မသိနိုင်ဘူး။

  မိုးဝေး

No comments:

Post a Comment