Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့

Sunday, April 28, 2013

လတ်တလောမေးခွန်း

လက်ရှိအခြေအနေမှာ
ကမ္ဘာကြီးကလည်း အရွေ့တစ်ခုကို သွားနေသလို
မြန်မာနည်းကလည်း အတွေ့တစ်ခုကို သွားနေတယ်

ဒီမိုကရေစီဆိုတာ ဘာလဲ
အဓိပ္ပါယ်သတ်မှတ်ချက်တွေ မထွန်းကားခင်
ဆိုင်းဘုတ်တွေက ထိုးထိုးထောင်ထောင်
ဘာကိုယောင်လို့ ဘာကိုဆောင်ရမှာလဲ
အမောင်လူသား မျောက်လား
ဘင်သံကြားတာနဲ့ “ က ” ချင်ပြီလား ။

တကယ့်အရင်းအမြစ်ဟာ
တွင်းထွက်ပစ္စည်းလား ၊ လူအရည်အသွေးလား
မာန်လား ဥာဏ်လား
မာန် နဲ့ ဥာဏ်ကို စရနယ်ခြင်းလား
ခွဲခြား ခွဲခြား ၊ ကွဲပြားအောင်လည်း လုပ်ရမယ်

လူဘ၀ဆိုတာ
မြင်ရုံနဲ့လည်း မပြီးသင့်ဘူး
ထင်ရုံနဲ့လည်း မငြီးသင့်ဘူး
အနည်းဆုံး
အတွေ့အကြုံကနေ အတွေးအကြံလောက်တော့
ဖြစ်သင့်တာပေါ့

ပြောပြောပြီးပြီး မေ့မေ့ပျောက်ပျောက် မဖြစ်ချင်လို့
လွမ်းလောက်စရာတွေကို ချဲ့ကားမိတော့လည်း တစ်ပြစ်
ငါတို့မက်ခဲ့တဲ့ အိပ်မက်တွေဟာ
အနာဂတ်ကို ပြန်သွားနေတာရော ဟုတ်ရဲ့လား ။ ။

မိုးဦးဆွေညိန်း

No comments:

Post a Comment