
ပဲခူးကိုပြန်ရောက်/ မရောက် အကြောင်းပြန်ပါ ကိုခရမ်း
ခင်ဗျားရွေးတဲ့လမ်းကလည်း လန့်ကွဲတတ်တာမျိုးး ပဲ
လေထဲမှာလန့်ကွဲနိုင်တဲ့ ပန်းဆိုးတန်းလူမှုရေး၊ ဓားရေးလှံရေး
သံမဏိတွေလန့်ကွဲ၊ ကတ္တီပါတွေလန့်ကွဲ
လိုင်ဇာလန့်ကွဲ ဘူးသီးတောင်လန့်ကွဲ လက်ပံတောင်းလန့်ကွဲ၊ ဘယ့်နှယ်ရှိစ မိတ္ထီလာလန့်ကွဲ
လည်ပင်းဖက်ရမယ့်အချိန်ကျမှ အင်္ဂတေလိုလန့်ကွဲ/လမ်းခွဲ
အဝေးကကြည့်ရင်လှသလိုလို မီးခိုးတွေတစိုစိုနဲ့ ( မီးလောင်ပြင်အရေပြားကြီးဗက်လက် ဗက်လက်)
မြင်ရုံနဲ့ကြွတ်ရွနေတဲ့ညှော်နံ့တွေ (အမြစ်တွေအတိုင်း မြေကြီးထဲအသက်လုလို့)
ခုချိန်ဆို ကိုရွေး အလယ်ရိုးမကြီးကို ရွေးယူလာတော့မယ်
ကျုပ်တော့ ခြေသံမလုံတဲ့ကြောင်ကိုမြင်နေရ
ကျူပ် တော့ မလုံခြုံ တဲ့နေရာမှာ မြို့ နေရ
ကျောချင်းခွာလိုက်တဲ့အချိန်ကျမှ မှန်တွေလိုလမ်းခွဲ/ လန့်ကွဲ
ဥပဒေကဲ့သို့ ခင်ဗျားဆီကို ခပ်တည်တည်နဲ့လျှောက်လာပြန်ပြီ
ဘုရားသခင်များကဲ့သို့အာဏာတည်စေရမည် တောအူ တောကြောင် တောကျားအပေါင်းတို့ ခြေမစုံ လက်မစုံ တကိုယ်လုံးအထီးအမ မသိရမှတော့ ဘယ်လှတော့မလဲ
အရေးပေါ်ပါးပါးလေးပုတ်လည်း ခင်ဗျားတို့ကတော့ပိုးစိုးပက်စက်လှချက်
ပင့်ဖလွို က်ရဲ့နံရံမှာ နာဇီတူထုသံတွေတခန်းလုံးညံလာတော့ ရုတ်တရက်လန့်ကွဲမိ
ကိုခရမ်း ပဲခူးကိုပြန်ရောက်ရောက်ချင်းအကြောင်းပြန်ပါ။
ဇော်လူစိမ်း
၂၃-၃-၂၀၁၃
http://www.kaungkin.com
No comments:
Post a Comment