Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့

Wednesday, April 24, 2013

တုံ့လှယ်မေတ္တာ

ခင်ဗျားလွှတ်တဲ့လူ ရောက်လာတယ်
စာအိတ်ပေါ်မှာ စာပြန်ရေးပေးလိုက်တယ်
ခင်ဗျားလွှတ်လိုက်တဲ့လူ ရောက်လာတယ်
သူ ခင်ဗျားမှာတာတွေ ပြောပြတယ်
သူ ခင်ဗျားမှားတာတွေ ပြောပြတယ်
လမ်းစရိတ်ပေးပြီး ပြန်ခိုင်းလိုက်တယ်
ခင်ဗျားလွှတ်လိုက်တယ်လို့ ပြောတဲ့လူ ရောက်လာတယ်
သူ့လွယ်အိတ်ထဲက ထုတ်ပေးတယ်
သူ့ လွတ်အိတ်စုတ်နေတာ ပြန်ချုပ်ပေးလိုက်တယ်
ခင်ဗျားလွှတ်လိုက်တာလို့ ထင်ရတဲ့လူ ရောက်လာတယ်
သူ တစ်ခုခုပြောဖို့ ကြိုးစားတယ်
သူ အသံထွက်လာဖို့ ကြိုးစားတယ်
သူ့ကျောကိုပုတ်ပြီး ခေါင်းညိတ်ပြလိုက်တယ်
ခင်ဗျားလွှတ်လိုက်တဲ့လူ ရောက်လာတယ်
သူ ကျေနပ်သွားအောင် စကားဖောင်ဖောင်နဲ့ ဧည့်ခံလိုက်တယ်
ခင်ဗျားလွှတ်လိုက်တဲ့ ဟိုငနဲ ရောက်လာတယ်
အရက်တိုက်လွှတ်လိုက်တယ်
ခင်ဗျားလွှတ်လိုက်တဲ့ကောင်လေး ရောက်လာတယ်
အားပေးစကား ပြောလိုက်တယ်၊ ဂုဏ်ပြုလိုက်တယ်
ခင်ဗျားလွှတ်လိုက်တဲ့ဆရာကြီး ရောက်လာတယ်
‘ကိုယ့်လူက ဆရာကြီးလား’ လို့ ဖြုတ်ချလိုက်တယ်
ခင်ဗျားလွှတ်လိုက်တဲ့ ဆိုက်ကား ရောက်လာတယ်
သွပ်ပြားဟောင်းတွေ လိပ်တင်ပေးလိုက်တယ်
ခင်ဗျားလွှတ်လိုက်တဲ့ ပိတောက်ပင်ကြီး ရောက်လာတယ်
သစ်ပင်ခုတ်တဲ့ လူအိမ်ကို လမ်းညွှန်လိုက်တယ်
ခင်ဗျားလွှတ်လိုက်တဲ့ မီးဆရာ ရောက်လာတယ်
သူ ဆက်မစောင့်နိုင်လို့ ပြန်သွားတယ်
ခင်ဗျားလွှတ်လိုက်တဲ့ မုန်တိုင်း ရောက်လာတယ်
‘ဓား ဟဲ့ . . . ဓား’ ဓားထောင်ပြလိုက်တယ်
အဲဒါ ခင်ဗျားလွှတ်လိုက်တဲ့ လူတွေအကြောင်း အတိအကျပဲ

မောင်ပြည့်မင်း
လှိုင်းသစ်၊၂၀၀၉၊ဇွန်လ

No comments:

Post a Comment