မောင်ချောနွယ်
မောင်စိမ်းနီ
စိုးမြင့်သိန်း
နီအောင်
မောင်ပြုပြင်(ကျုံပျော်)
ရွှေရ တောင်ကုတ်
လှဆွေ
မောင်သွေးသစ်
မောင်သင်းခိုင်(ပျဉ်းမနား)
အောင်ဇင်မင်း
၁။မောင်ချောနွယ်
နိုင်ငံရေး စံထားချက်နဲ့ အနုပညာ စံထားချက်ကို
အခြေခံပြီး သည်ကဗျာ များကိုရေးချလိုက်ရခြင်း ဖြစ်ပါသည် ။
မောင်ချောနွယ်
ကြွေဒါကိုက ပွင့်ခြင်းပဲ
ပန်းဆိုတာ
ကြွေဒါကိုက ပွင့်ခြင်းဘဲ။
တပွင့်ချွေရင်
တပွင့်ဝေလွင်နေမှာဘဲ။
နှစ်ပွင့်ချွေရင်
နှစ်ပွင့် ဝေလွင်နေမှာဘဲ။
ကဲ ….. ခြွေစမ်းပါဦး
လေရူးလေနော့ ၊ သော့နှင်မဆုံး
လေသင်ဓုန်းလား ၊ မုန်တိုင်းလားဘဲ
တအားတိုက်စမ်း ၊ ချွေစမ်းပါဦး
ပန်းအဖူးတွေ ၊ မြေမှာကြွေအောင်
မွချွေစမ်းပါ ၊ မမှုပါဘူး
ကြွေဒါကိုက ပွင့်ခြင်းဘဲ ။
ပန်းအဘိဓမ္မာ
ဒါပါပဲလေ ၊ ချွေလို့ ကြွေကြွေ
ကြွေလို့ နေနေ ၊ ကြွေဒါကိုက ပွင့်ခြင်းဘဲဟေ့ ။ ။
ဝေဖန်ရေး
ဒေါင့်တဒေါင့်မှ
စောင့်၍ကြည့်ရှု
ဝေဖန်မှုသည်
အပြုသဘော
မဟုတ်သော
မှားသောလွဲသော ဝေဖန်ရေး ……… ။ ။
ပြည်သူ့ ဘက်မှ ၊ အလုံးစုံရှု
ဝေဖန်မှုသာ
အပြုသဘော
ဦးတည်သော
မှန်သောစစ်သော ဝေဖန်ရေး …….. ။ ။
ခွင့်လွှတ်ပါ
မောင်အချစ်နှင့်
နှစ်သက်ညက်နူ ၊ အလှစုသည့်
နုနုရွရွ ၊ စကားလှတို့
ပြောပြရယ်မော ၊ ချစ်တင်းနှောလျက်
ရွှင်သောအပြုံး ၊ ညှို့မျက်လုံးနှင့်
သီကုံးမွှေးကြူ ၊ စပယ်ဖြူကို
ချစ်သူမျက်ပွင့် ၊ ဆံကေလွင့်ဝယ်
ဆင်ခွင့်မောင့်မှာ မကြုံပါ။
မောင့်ချစ်သူနှုတ်
ကြာကမုဒ်မှ ၊ ဖွင့်ထုတ်လှစ်ကြား
ချိုစကားကို ၊ နားဆင်ကြည်နူး
ယစ်မိန့်မူးလျက် ၊ ချစ်ဦးးနှုတ်လွှာ
ညင်သာဖွနမ်း ၊ ကြူမွှေးပန်းတို့
ချွေလွှမ်းကြဲခွင့် မကြုံပါ ။
မောင့်ချစ်သူရယ်
ပြုံးရယ်ကြည်သာ ၊ ရှက်သွေးဖြာလျက်
မျက်လွှာကိုချ ၊ ပန်းေ၇ာင်ကြွခိုက်
အိရွရွှေစင် ၊ ချစ်ပါးပြင်ကို
ရှိုက်ငင်ကြူမွှေး ၊ ယုယထွေးရန်
ခွင့်ရေးမောင့်မှာ မကြုံပါ ။
မောင်ကျက်စားရာ
မဟူရာစွန်း ၊ ချစ်မျက်ဝန်းရယ်
သစ်ရွှန်းသန့်စင် ၊ ချစ်ပါးပြင်ရယ်
ကြင်နာမှုလွှမ်း ၊ ချစ်နှုတ်ခမ်းရယ်
နက်ရွှမ်းကော့ချိတ် ၊ ချစ်ဆံမြိတ်ရယ်
မောင်စိတ်စေစား ၊ လွမ်းကြောင်းပါး၍
စာသားလှစွာ ၊ မောင်ဖွေရှာလျက်
ကဗျာရေးခွင့် မကြုံပါ ။
သြော် အချစ်ဝန်တာ ၊ မကျေပါခဲ့
ပြည်ရွာအရေး ၊ မောင့်အရေးတည့် ။
ပြည်သူ့ဘ၀ ၊ မောင့်ဘ၀တည့် ။
ပြည်သူ့အောင်ပွဲ ၊ မောင့်အောင်ပွဲတည့် ။
အချစ်နှင့်ခွဲ ၊ အနေရဲ၍
တိုက်ပွဲမှာနှစ် ၊ မောင့်အဖြစ်ကို
အချစ်ခွင့်လွှတ်ပါလေတော့ ။ ။
တော်လှန်ရေးသမား
မြေကြီးထဲမှာမြှုပ်နေပါလဲ ၊ ကျောက်ခဲဟာ ကျောက်ခဲ
မာသည်ဘဲလေ။
မြေကြီးပေါ်မှာ
ရောက်နေပါလဲ ၊ ကျောက်ခဲဟာကျောက်ခဲ
မာသည်ဘဲလေ ။ ။
ဘယ်ပန်းပန်မလဲ
ဘယ်ပန်းပန်မလဲ
နီရဲဆူးပြွမ်း ၊ နှင်းဆီပန်းလား
နှင်းဆမ်းကြိုင်လွင် ၊ ပန်းသဇင်လား
ချိုသာရနံ့ ၊ သင်းပျံ့ကြိုင်လွှမ်း
စပယ်ပန်းလား ၊ နံ့ရှားကြိုင်လှောက်
ပိတောက်ပန်းလား ။
ဘယ်ပန်းပန်မလဲ
ရင်ထဲမှာလန်း ၊ မေတ္တာပန်းလား
အရှားဆုံးဘဲ ။
ကြည့်စမ်း
သည်ပန်းလားဘဲ ၊ ပစ္စည်းမွဲတို့
တိုက်ပွဲအောင်မြင် ၊ ဖူးပွင့်ဆင်ပြီ
အသင်နီစွေး ၊ အမွှေးဆုံးပန်း
အလန်းဆုံးဘဲ ၊ အောင်ပွဲပန်းလေ
ဆံတုံးခွေမှာ ဝေေ၀ပန် ။ ။
နားခိုရာ
ဘ၀လွှာမှာ
နားခိုရာသည် ၊ ဘာများပါလဲ
ကြင်နာခြင်းပြည့် ၊ ငြိမ်းချမ်း ဘိသော
အမိရင်ခွင် များလားကွယ် ။ ။
ဘ၀လွှာမှာ
နားခိုရာသည် ၊ ဘာများပါလဲ
မေတ္တာဝေစု ၊ ပန်းနှယ်နုသော
ချစ်သူရင်ခွင် များလားကွယ် ။
ဘ၀လွှာမှာ
နားခိုရာသည် ၊ ဘာများပါလဲ
ဥစ္စာပြည့်ဝ ၊ ဂုဏ်ဓနနဲ့
ကြွယ်ဝခြင်းတွေ များလားကွယ် ။
ဘ၀လွှာမှာ
နားခိုရာသည် ၊ ဘာများပါလဲ
လွန်စွာပြည့်ဝ ၊ လေးနက်လှသော
ဓမ္မ ကျင့်စဉ် များလားကွယ် ။
ဘ၀လွှာမှာ
နားခိုရာသည် ၊ နာကျင်ရခြင်း
ချမ်းမြေ့ခြင်းတွေ ၊ ငိုကြွေးရခြင်း
မွတ်သိပ်ခြင်းတွေ ၊ ဒေါသဆူခြင်း
ပူလောင်ခြင်းတွေ ၊ တက်ကြွရခြင်း
တော်လှန်ခြင်းတွေ ၊ တည်ငြိမ်ရခြင်း
ငြိမ်းချမ်းခြင်းတွေ ၊ ပြည့်တင်း၍စု
နွေးထွေးနုသော ၊ ပြည်သူ့ရင်ခွင် ဖြစ်တော့တယ် ။ ။
တိုက်ပွဲသစ္စာ
ဟိုမှာကြည့်လေ
သွေးတွေနီရဲ ၊ လူသတ်ပွတြွေ
ရစ်ဝဲရမ်းငွေ့ တဝေေ၀ ။
သည်မှာကြည့်လေ
လူတွေသေကြ ၊ ငိုညည်းကြနဲ့
အလှပျက်သုန်း ၊ ရွာပျက်ကုန်းဘဲ
ရင်ထဲ မကြည်မြပါချေ။
ကြည့်စမ်း ကမ္ဘာတ၀ှမ်း ၊ မငြိမ်းချမ်းအောင်
ပြည့်လျှမ်းဝေလျှံ ၊ ငိုသံရှိုက်သံ
ညှဉ်ဒဆဲသံတွေ ၊ ဆူညံရှုပ်ထွေး
မေတ္တာဝေးသော ၊ သွေးသံရဲရဲ
သတ်ပွဲသေပွဲ ၊ ရပ်စဲပစ်ရန်
အားမာန်လွှင့်ထူ ၊ ပြည်သူတွေရဲ့
သွေးတွေကိုဘဲ ၊ တိုက်ပွဲအခန်းဆက်
လက်နက်ပုံစံ ၊ အခြေခံဖြင့်
တော်လှန်ခြင်းဟာ သစ္စာတရား ။ ။
ပဋိပက္ခ၏ ဆုံးရှုံးခြင်း
နှလုံးစေသည်
ဝေဒနာတွေ ၊ ကဗျာအဖြစ်
ဖန်ဆင်းပစ်ပြီး ၊ အချစ်အတွက်
လက်ဆောင်ဆက်သ ၊ ရင်ခုန်ရမည့်
အလှ ကဗျာ ရေးချင်တယ် ။
အသိစေသည်
ပြည်ရွာပြည်မှု ၊ ပြည်ရေးရှုကာ
ပြည်သူ့ဘ၀ ၊ ရေးသီပြမည့်
ဘ၀ကဗျာ ရေးချင်တယ်။
အလှကဗျာ
ရေးတဲ့ခါလေ ၊ ရင်နာရတဲ့
ဘ၀ကာရန် တွေးမိတယ်။
ဘ၀ကဗျာ
ရေးတဲ့ခါလေ ၊ မေတ္တာမျှတဲ့
အလှကာရန် တွေးမိတယ် ။
သြော် ……. ဘ၀ အလှ
ပေါင်းမရလို့
ကွယ် …….. ညက ကဗျာမရေးဖြစ်ဘူး ။ ။
ဖောက်ပြန်ရေးသမား
ထလော့ ကြွလော့
နေကြလော့ဟု ၊ ပြောတော့ဆိုတော့
အဟုတ်ပေါ့ ၊ လုပ်တော့ကိုင်တော့
ခပ်ပေါ့ပေါ့ ၊ ပြီးတော့ ခပ်လျော့လျော့ ။
တိုက်လော့ ခိုက်လော့
တော်လှန်တော့်ဟု ၊ ပြောတော့ဆိုတော့
အဟုတ်ပေါ့ ၊ တိုက်တော့ခိုက်တော့
ခပ်လျော့လျော့  ၊ ပြီးတော့ ခပ်ပေါ့ပေါ့ ။
ပြုလော့  ပြင်လော့
စွမ်းဆောင်လော့ဟု ၊ ပြောတော့ဆိုတော့
အဟုတ်ပေါ့ ၊ ပြုတော့ပြင်တော့
ခပ်ပေါ့ပေါ့  ၊ ပြိးတော့ လပ်လျော့လျော့ ။
တည်လော့ ဆောက်လော့
ဖန်တီးလော့ဟု ၊ ပြောတော့ ဆိုတော့
အဟုတ်ပေါ့ ၊ တည်တော့ ဆောက်တော့
ခပ်လျော့လျော့ ၊ ပြီးတော့ ခပ်ပေါ့ပေါ့ ။ ။
ရင့်ကျက်ချိန်
လက်ရေးစိပ်နဲ့
ချစ်တဲ့အကြောင်း ၊ နွဲ့နောင်းညက်ညော
အပြောလှလှ ၊ ခွန်းမြချိုသာ
မေတ္တာစာတွေ ၊ အိပ်ရာအောက်မှာ အများကြီး ။
သည်လက်ရေးတွေ
ရွှေသားဝင်းလက် ၊ ပိတောက်ခက်လား
နံ့ရှားကြိုင်ဖိတ် ၊ ခရေရိပ်လား
ပွင့်များပြွတ်သိပ် ၊ ချယ်ရီရိပ်လား
မောင့်စိတ် ချမ်းငြိမ်းဘူးခဲ့သည်။
စာထဲဆိုထား
သည်စကားတွေ ၊ ဝေဆာလွင့်ပျံ
ငှက်ကျေးသံလား ၊ ဖြည်ဖြည်းညှင်းညံ
ရေစီးသံလား ၊ သံသာအေးမြ
တေးဂီတလား ၊ တရားပြည့်လျံ
ဓမ္မသံလား ၊ မောင့်နား ချိုမြိန်ခဲ့ဘူးသည်။
စာထဲမှာချော
သာအပြောတွေ ၊ သာမော ကြည်မြ
သိပ်ကိုလှတယ် ၊ ဖေးလွညင်းသာ
လှိုင်းငွေဇာလား ၊ နီဝါ စုံသော
တိမ်ဘုံတောလား ၊ ငွေသားလက်ရွှန်း
ညလ၀န်းလား ၊ ကြည်ထွန်းပီပြင်
ငွေကြယ်စင်လား ၊ အမြင် ကြည်မြခဲ့ဘူးသည်။
သြော် ………. လက်ရေးစိပ်စိပ်
မေတ္တာရိပ်သည် အတိတ်မှာဘဲ ကျန်ရစ်သည် ။ ။
No comments:
Post a Comment