တစ်ယောက်ကအဖြူဆို တစ်ယောက် အမည်း
တစ်ယောက်က အ၀ိုင်းဆို တစ်ယောက်က လေးထောင့်
ကိုယ်ယုံကြည်ရာ ကိုယ်အသံထွက်ကြတာပါပဲ
မနက်အိပ်ရာမှ ညအိပ်ရာဝင်သည်အထိ
သင့် “ဘာသာစကား”ကကော ဘာတွေလဲ
ကိုယ့်အစာကိုယ်ရှာစားနေတာဗျဆိုတဲ့လူ
ခင်ဗျားပါးစပ်က ထွက်လာတဲ့အသံကို
ခံစားနားဆင် တွေးခေါ်ဆင်ခြင်ကြည့်တဲ့အခါ
ခင်ဗျားဟာ ယောနိသော မနသိကာရနဲ့
ထိုက်တန်လှတဲ့ လူတစ်ယောက်ဖြစ်နေလေရဲ့
ဟဲဟဲ . . .ဟဲဟဲ . . .
ခင်ဗျားတို့ ကျွန်တော်တို့ ညာဉ်ကလေးတွေဟာ
သူများအကောင်းကြောင်း ကိုယ့်ကောင်းကြောင်းကလေးတော့
ပြောတတ်ကြတာ မဆန်းတော့ပါဘူဗျာ
ကျုပ်လို ကမ္ဘာ့လူသားထုတစ်ရပ်လုံးကို
ကိုယ်စားပြုပြီး စကားပြောတတ်ပြီလား
ဟုတ်ပ . . . ကျုပ်တို့အလုပ်က
ကိုယ့်အသံတွေ သူများနားထောင်ဖို့နဲ့
သူများပြောတာတွေ ကိုယ်နားထောင်ကြည့်ဖို့အပြင်
ကိုယ်ကလည်း ဘာစကားမှမပြောဘဲ
နားရွက်ထဲ ဂွမ်းဆို့ထားလို့လည်း ရသေးတယ်လေ
ထွန်းဝေမြင့်
ဖက်ရှင်၊ ၂၀၀၉၊ သြဂုတ်
No comments:
Post a Comment