အိမ်ပြန်ချင်စိတ်က နူးညံ့သိမ်မွေ့ ပြီး
အိမ်ပြန်ရောက်ဖို့ လုံ့ လ၀ီရီယက ကြမ်းတမ်းတယ်။
ဟိုးခပ်ငယ်ငယ်
ချောင်းကမ်းနံဘေးဆော့ကစား
မြွေကြိုက်တဲ့ခရာချုံခရာသီး ခူးစားသလို
ဘ၀က အဆိပ်နားနီးတယ်။
ငါ့လက်ဖျံရိုးနှစ်ချောင်းပေါ်က ရန်ကုန်မြို့ ကြီး
လေးလှတယ်။
ဥသြသံတွေထဲ
ငါ့နာမည်မပါနိုင်သေးဘူးလား။
ဒဏ်ရာရခရုတစ်ကောင်
နံရံလို
ဓားကို တွယ်တက်နေဆဲပေါ့ မေမေ။
ခိုင်မြဲကျော်စွာ
No comments:
Post a Comment