Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့

Wednesday, April 24, 2013

ညီမလေးက ချိန်းတဲ့စာ

ညီမလေးရဲ့ ဧည့်ခန်းဆောင်မှာ သက်သေပြဖို့ဆို
အလွမ်းတစ်အိုးကို မှ ထိုးစိုက်ခွင့် မရခဲ့ပါဘူး...
အိပ်မက်ထဲကိုတောင် ရန်မူချင်ကြတယ်။
ချစ်သူတို့နှလုံးအိမ်တွေဟာ.. အရိုးသားဆုံး နီစွေး နေတာလေ...
မနှစ်သက်ဘဲတော့... လက်မခံနိုင်ဘူးပေါ့..
ဆင်စီးမြင်းရံ ဆိုတာကြီးကိုတော့ စိတ်ညစ်တယ်။
ညီမလေး လာခဲ့မယ်...
ဘယ်လိုမှ ဖူပွင့်သင်းရီခွင့်မရခဲ့တာပါ..၊
ရာသီတစ်ခုလုံး ဖိမှောင်ထားပြီးမှ
ကိုယ် ရိတ်သိမ်းဖို့ ကိုယ် စိုက်ပျိုးရ မ တဲ့..
မစားရ ဝခမန်းကြီး မို့ စိတ်ညစ်တယ်။
လာခဲ့မယ်..
ဒီ့ထက် သေဝပ် ကျိုးနွံရ မှ ဖြင့်
ခေတ်တွေကို သွန် သာပစ်လိုက်တော့..၊
ဗိုင်းကောင်းကျောက်ဖိ ပြဇာတ်ဟောင်းကြီးအတိုင်း
ဌာန်ကရိုင်းကျကျ က ပြ ချေ ဦး .....တဲ့
ပျားရည်နဲ့ဝမ်းချ နေတာမျိုးတော့လည်း စိတ်ညစ်တယ်။

လာခဲ့မယ်။ ညီမလေးလာခဲ့မယ်။
မေတ္တာစစ်သာမှန်ခဲ့ရင်...အရာအရာ ထူထောင်နိုင်စေကြောင်း...
လက်မောင်းသွေးဖေါက်ပြီး သစ္စာပြုဖို့ရာ...
ညီမလေး..ဆက်ဆက်လာခဲ့မယ်။

ညီမလေး စိတ်ဝိဉာဉ်ထိ ထင်နေတဲ့ အရှိုးရာ အထပ်ထပ်ကိုလည်း ယူခဲ့မယ်။
ညီမလေး သိမ်းဝှက်ထားရတဲ့ ကဗျာလေးတွေလည်း ယူခဲ့မယ်။
ညီမလေး တောင်ပံဖွင့်ဖို့အတွက် ယုံကြည်ချက်တွေလည်း ယူခဲ့မယ်...။

လာခဲ့မယ်..
ညီမလေး လာခဲ့မယ်....။

ညီမလေး ဆက် ဆက် လာ ခဲ့ မယ်....။

အိန္ဒြာ
Credit to www.eaindrar.blogspot.com

No comments:

Post a Comment