Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့

Sunday, April 28, 2013

သေတွင်း

ငါတို့ဟာ
သေတွင်းထဲမှာ
မွေးခဲ့ရ ။

ငါတို့ဟာ
သေတွင်းထဲကရွံ့နဲ့
အိုးပုတ် ၊ ဂျိုးရုပ်
လုပ်ခဲ့ရ ။

ငါတို့ဟာ
သေတွင်းနံရံ
မှန်လိုကြည့်ခဲ့ရ ။

ငါတို့ဟာ .....
သေတွင်းထဲကကြွက်
မကျက်တကျက်စားခဲ့ရ ။

ငါတို့ဟာ ......
သေတွင်းထဲကမျက်နှာ
ဥပေက္ခာပြုခဲ့ရ ။

ငါတို့ဟာ ......
သေတွင်းထဲက လက်တစ်ဖက်
ဆုပ်လျက်ပြုတ်ထွက်ခဲ့ရ ။

ငါတို့ဟာ ......
သေတွင်းထဲကခရီး
မငြီးစတမ်းသွားခဲ့ရ ။

ငါတို့ဟာ ......
သေတွင်းဝက
တမ်ပြေးတစ်အုပ်
ငုတ်တုတ်ငေးခဲ့ရ ။

ငါတို့ဟာ ......
သေတွင်းထဲမှာ
ဘယ်လိုနည်းနဲ့မှ
မသေခဲ့ကြ ။ ။

သားကြီးမောင်ဇေယျ

No comments:

Post a Comment