Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့

Thursday, April 25, 2013

လောက်

အသားထဲက ထွက်တယ် ။
ရန်ငါ ပြတ်တယ်
ဟင်္သာကိုးသောင်း
ပုံပြင်သစ်တွေ
ဖြန့်ချီတယ် ။

ဘယ်အချိန်က
တတ်သွားတဲ့ မာယာတွေလဲ
မီဒီယာမှာ မီးတောင်လို ပေါက်ကွဲပြရမလား ။
ဇာတ်နာအောင် အလွမ်းသယ်ပြရမလား ။

နောက်တော့သာ
တစ်မိုးလုံး ဖျောက်ဆိပ်အဖြစ်
သူတို့ပဲ ကျန်ရစ်ကြပြန်ရော ။

ဇာတ်ညွှန်းတွေနဲ့
လမ်းဖောက်တဲ့ ဓလေ့ပါ ။

သူတို့က
ဘယ်ကွေ့ ၊ ညာကွေ့
တည့်တည့်ကွေ့ ဆိုသူတွေပေါ့ ။
ဒါနဲ့ပဲ
မနက်ဖြန် မက်မယ့်
ငါတို့ အိပ်မက်တွေမှာ
သူတို့ ခွင့်ပြုချက်တွေ
တရွတရွနဲ့
သူထက်ငါ
တိုးဝှေ့နေလိုက်ကြပုံများ ။ ။

ထွန်းဝင်းငြိမ်း
စိတ်ကူးဆိပ်ကမ်း
ကဗျာ အနုပညာ မဂ္ဂဇင်း
မတ် ၊ ၂၀၁၃

No comments:

Post a Comment