Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့

Friday, April 26, 2013

“ မြန်မာနန်းရင်းဝန်(၁၈၂၅) ”

ဗြိတိန် အနုပညာ။
သောမတ် ထရင့်၏
“ မြန်မာနန်းရင်းဝန်(၁၈၂၅) ...
အမည်ရ ပန်းချီကား။
ဤပုံကားသည် ဘကြီးတော်မင်းလက်ထက် ``ပထမ အင်္ဂလိပ်-မြန်မာစစ်ပွဲ``ကာလက ရေးဆွဲထားသည့် ရေဆေးလက်ရာတစ်ချပ်ဖြစ်၍ ....``ပြည်မြို့အနီး ညောင်ပင်ဆိပ်ရှိ မြန်မာဘုရင်၏ လွှတ်တော်သို့ စစ်ရေးအခြေအနေ ဆွေးနွေးရန် တက်ရောက်လာသည့် .....နန်းရင်းဝန်။``ဟု အညွှန်းစာသား ရေးထိုးထားသည်ကို မြင်တွေ့လေသည်။ ပြည်မြို့အနီးတွင် ဗြိတိသျှ စစ်ဗိုလ်ချုပ် အာချီဘော ကင်းဘဲလ်၏ တပ်များ အခိုင်အမာ တပ်ချထားနေသည့်ကာလ၊ .....၁၈၂၄၊ ဒီဇင်ဘာရက်များ...ရန်ကုန်စစ်ပွဲ
တွင် ဆုတ်ခွာလာခဲ့ရသည့် မဟာဗန္ဓုလ၏ တပ်များသည် ဓနုဖြူမြို့တွင် တပ်စွဲကာ ထိုးစစ်ဆင်ရန် ပြင်ဆင်နေစဉ်ကာလ၊ ....ထိုကဲ့သို့သော စစ်ရေး အတင်းမာဆုံးအခြေအနေ ရှေ့တန်းနယ်မြေ ...``ညောင်ပင်ဆိပ်ကျေးရွာ``တွင် မြင်တွေ့ရသည့် မြန်မာနန်းရင်းဝန်၏ ဆေးရောင်စုံပုံတူကို ဗြိတိသျှပန်းချီဆရာတစ်ဦးက မျက်မြင်ကိုယ်တွေ့ မှတ်တမ်းတင်ရေးဆွဲထားခြင်း ဖြစ်ပေသည်။ စစ်ပြေငြိမ်းရေး.....``ရန္တပိုစာချုပ်(၁၈၂၆)``မတိုင်မီတစ်နှစ်ဆီက ရာဇဝင်သမိုင်း အထောက်အထားတစ်ခုလည်း ဖြစ်သည့် ......ထိုကဲ့သို့သော ရှားပါးပန်းချီကားတစ်ချပ်ကို ကျွန်ုပ်တို့ တင်ဆက်ရာတွင် အနုပညာမြတ်နိုးသူများ ကျေနပ်နှစ်သက်ကြမည်...ဟု မျှော်လင့်မိပါကြောင်း။

No comments:

Post a Comment