Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့

Thursday, April 25, 2013

ခွေးခြေ



ညကအိပ်မက်တစ်ခု မက်တယ်
အိပ်မက်ထဲ မှာ ပျော်လိုက်တာလေ
ပြေးလွှားခုန်ပေါက် ဆော့ကစားနေလိုက်တာ
တိရစ္ဆာန်တစ်ကောင်လိုလေးဘက်ထောက်
တွားသွားမိသလားတောင် သတိမထားမိပါဘူး ။

ငါကသာ စမြုပ်ပြန်နေတာ
လူတွေကတစ်ယောက်ပြီး တစ်ယောက်
ငါ့ကို ၀င်ထိုင်သွားကြပြီ ....
ဟော .. ငါ့ခန္ဓာကိုယ်ကို
နဲ့ထိုင်နေတဲ့ တစ်ယောက်
ဖြောင်းခနဲ .....
ငါ့ခြေနှစ်ချောင်းကို ငါပြန်ရိုက်ချိုးချလိုက်တယ်
မြေပြင်ပေါ်ကားယားကြီးကျသွားတဲ့ လူကိုကြည့်ပြီး
ငါဟာ ခြေထောက်အကျိုးကြီးနဲ့
ဟားတိုက်ရယ်မော ပစ်လိုက်တယ် ။

အဓိက က
ငါဟာ ဒဏ်ရာတွေနဲ့လည်း
ရယ်မောတတ်တယ်ဆိုတာ
ဒီလူ သိသွားဖို့ ပါပဲ ။


ဘိုဟန်

No comments:

Post a Comment