Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့

Wednesday, April 24, 2013

သိနားလည်သူတို့၏ ကစားနည်း

ဘ၀ဆိုးအကြောင်း
တိုးတိုးတိုးတိုး
ရိုးရိုးလေး နားထဲဝင်လာရဲ့

“သိပါရစေကွယ်”ပေါ့လေ
ကယ်တင်ရှင် လေသံနဲ့
ငါ့ရဲ့ စပ်စုမှုကြောင့်ပေါ့

ပြီးတော့လဲ
တခြားလူတွေလိုပါပဲ
အိပ်လိုက်တာပါပဲ

“အ၀င်း”ဆိုတဲ့  _ သည်မလေးကို
အဲသလို စော်ကားမိပါတယ်

အောင်ချိမ့်

(သစ်ရွက်သေများပေါ်မှ ရက်စက်သော ဂီတ)

No comments:

Post a Comment