Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့

Thursday, April 25, 2013

သစ်ခြောက်ပင်

လေပွေမလေးက
သူ့ရဲ့ ဆံနွယ်မျှင်တွေကို ဖြန့်ကျဲချလိုက်ပြီ ..
ခြေထောက်အပြာလေးရေ
ငါ့ရဲ့ အတောင်ပံတွေကို
နင်းချေလိုက်ပါတော့ ။

ဒေါက် .. ဒေါက်
ရေတစ်ပေါက်လောက် သောက်ခွင့်ပြုကြပါ ။

ကျွန်တော်ဟာ အရက်မူးလာတဲ့ မီးတောက်ကလေးပါ
အင်္ဂတေတွေ ကွာထားတဲ့ ရင်ဘတ်မှာ
ဖတ်မရတဲ့ ကဗျာတစ်ပုဒ်နဲ့ကောင်ပါ ။

ကျောက်စရစ် နက္ခတ်တွေက
ပက်လက်ကောင်းကင်မှာ အခါခါပွင့်
ယုံကြည်မျှော်လင့်ခဲ့ဖူးတဲ့
နွေရာသီပါးပါး နှင်းဆီဝါများ
ကြေမွစုတ်ပြဲသွားစဉ် ...

ငါ့ဆီလာနေတဲ့ မြားတစ်စင်းကို
ငါငေးကြည့်နေမိဆဲပေါ့ သခင် ။ ။


တာရာမင်းဝေ

No comments:

Post a Comment