Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့

Saturday, April 27, 2013

နောက်အနှစ် နှစ်ဆယ်

လမ်းထိပ်မှာ ခရေပင်ကြီးအကြီးကြီး ရှိတယ်
အရိပ် အကြီးကြီးရတယ် ရေအိုးအလတ်စားတစ်လုံးလည်းရှိတယ်
ပက်ပက်စက်စက်သောက်လို့ရတယ် ခွက်ကိုဘာကြိုးနဲ့မှ ချည်မထားဘူး
နတ်လူသာဓုခေါ်စေသောဝ် နဲ့ပဲ ချည်ထားတာ

မြို့လယ်မှာ ဘုရားအကြီးကြီးရှိတယ်  တန်ဆောင်းအကြီးကြီးတွေလည်းရှိတယ်
အေးရာအေးကြောင်းနားလို့ရတယ် ၀ါတာကိုလာ တွေအများကြီးရှိတယ်
ပက်ပက်စက်စက်လည်းအေးတယ် ဘယ်သူမှခွက်ကိုယူသွားဖို့မတွေးကြဘူး
ဂါရ၀တရားထားဖို့ ဆိုတာပဲတွေးကြတယ်

ကား လေးမှတ်တိုင် အကွာအဝေးမှာ ပန်းခြံအကြီးကြီးရှိတယ်
ထိုင်ခုံတွေ တစ်ပုံကြီးရှိတယ် ပန်းတွေအများကြီးစိုက်ထားတယ်
ရည်းစားနဲ့ ကောင်းကောင်းဂျလန်းလို့လည်းရတယ် ဘယ်သူမှချောင်းမဲ့သူမရှိဘူး
ဆန္ဒကို သိက္ခာနဲ့ပဲ ထိန်းထားကြတယ်

နောက်ဖေးလမ်းကြားမှာ မြောင်းကြီးရှိတယ်  ရေစီးရေလာကောင်းတယ်
အနံ့အသက်လည်း မဆိုးဘူး မြောင်းဖုံးတွေလည်း သပ်သပ်ရပ်ရပ်တပ်ထားတယ်
အိမ်နောက်ဖေးမှာ ဈေးဆိုင်သာသာယာယာတည်လို့ရတယ် ဘယ်စည်ပင်မှလာဘော်မချက်ဘူး
လူ၏တန်ဖိုး ဆိုတဲ့ စည်းကမ်းကိုပဲ စာကပ်ထားတယ်

ဈေးထဲမှာ ဂိုထောင်ရှင်းပစ္စည်းတွေရောင်းတယ် တစ်ဝက်ဈေးနဲ့
တစ်ထည်ဆို နောက်တစ်ထည်ပေးတယ် အားလုံးလည်းကြိတ်ကြိတ်တိုးကြတယ်
ဘယ်သူမှတိုမဲ့လျှိုမဲ့သူမပါဘူး ... စကားများရန်ဖြစ်မဲ့သူလည်းမပါဘူး
လေးစားခြင်းကိုပဲ အပြုံးလိုတပ်ထားတယ်

ရပ်ကွက်ရုံးမှာ ဖုန်းတွေ ၁၅၀၀ နဲ့ရောင်းဖို့လုပ်နေတယ် အချိန်နဲ့နေရာကို ကြိုကြေငြာထားတယ်
တိုကင်နှင့်ဦးရာလူစနစ်ဖြစ်တယ် ရောင်းမဲ့ အလုံးရေကို စာကပ်ထားတယ် ၊
တိုကင်နံပါတ်များကို LED ဘုတ်နဲ့ ဖော်ပြထားတယ် ၊ အလုံးရေပြည့်သွားတော့ ကိုယ့်အိမ်ကိုယ်ပြန်အိပ်တယ်
မကျေနပ်စရာဘာမှမရှိ ပွင့်လင်းမြင်သာခြင်းကို အားလုံးကစိတ်တိုင်းကျတယ်

လွန်ခဲ့သော နှစ်ပေါင်းနှစ်ဆယ်ခန့်က .....

ရင်ထဲမှာ မကျေနပ်မှုတွေရှိတယ် ဒီထက်ဆိုးလာရင်အကြမ်းဖက်မယ်ပြောတယ်
ပိုပေါက်ကွဲလို့ အရွဲ့ တိုက်တော့ တုတ်နဲ့ရိုက်တယ် သေနတ်နဲ့ပစ်တယ်
လယ်ထဲကစပါးတွေက ဘယ်တုန်းကတွင်းထွက်ဖြစ်သွားမှန်း နားမလည်လိုက်ကြဘူး
ဆေးထိုးခံရတာကြမ်းတော့လည်း ဘူမသိကိုးမသိ ။


အောင်ပြည့် 

No comments:

Post a Comment