Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့

Tuesday, April 23, 2013

ရေနံချောင်း


အရိုးပြိုင်းပြိုင်း ကိုယ့်လက်နဲ့ကိုအရိပ်မိုးနေရတဲ့မြို့
တစ်ကုန်းတက် တစ်ကုန်းဆင်း ကိုယ့်ယုံကြည်ချက်ကို မြှုပ်နှံထားတဲ့မြို့
ခေတ်အဆက်ဆက် ကိုယ့်အကြောင်းကို ဒိုင်ယာရီရေးထားတဲ့မြို့
မောင်အောင်ဆန်းလေး ကျောင်းတက်ခဲ့တဲ့မြို့ ....
သခင်ကိုယ်တော်မှိုင်းနဲ့သခင်ကြီးများလက်ခမောင်းခတ်ခဲ့တဲ့မြို့ ....
ခေတ်အဆက်ဆက်အစိုးရမင်းများ မျက်စိဆံပင်မွှေးစူးခဲ့တဲ့မြို့.......။
အဲဒီလို မြို့ .... အဲဒီလိုမြို့ .... အဲဒီလိုမြို့
အဲဒီလိုမြို့ဟာ .......
မြန်မာမှာ ဒုတိယမီးလင်းခဲ့တဲ့မြို့ဆိုပဲ ......
ရိုးလ်ကုန်တိုက်ကြီးတွေ ဖွင့်ခဲ့ဖူးသတဲ့...........
ငွေးရေးကြေးရေးဆိုတာ ကိုယ့်ဝန်းကိုယ့်ခြံထဲ ခပ်ထုတ်ယူလို့ရသတဲ့ ....
ဧရာဝတီက စပါးတွေ ဒီမြို့မှာစုရသတဲ့ ......
စနေနံဘုရားဟာ ဒီအတိုင်း ၊ ကျောက်စာရုံဟာ ဒီအတိုင်း
တံခါး(၉၉)ပေါက် အိမ်ကြီးဟာ ဒီအတိုင်း ၊ အမျိုးသားကျောင်းလေးဟာ ဒီအတိုင်း
အင်္ဂလိပ်တွေဖျက်ခဲ့တဲ့တွင်းဟောင်းတွေ ဒီအတိုင်း
လူတွေလည်း ချွေးတလုံးလုံး ဒီအတိုင်း
မြို့လေးဟာ ဇာတိသွေးဇာတိမာန် ပိုပြင်းထန်လာတာကလွဲလို့ ဒီအတိုင်း
လူထုလက်ရုံး ဟာလည်းဒီအတိုင်း
ဧရာဝတီမြစ်ဘေး ကျောက်ချရပ်တန့်ခံလိုက်ရတဲ့မြို့ ။

မှတ်ထားလိုက်ပါ
အဲဒါ ကျွန်တော်တို့ ရေနံချောင်းမြို့ ။

ဘိုဟန်
 Tuesday, June 12, 2012 at 8:11pm

No comments:

Post a Comment