ကမ္ဘာပေါ်မှာ တစ်ပင်တည်းရှိတယ် အရိပ်ခြွေသစ်ပင်ဟာ သစ်ရိပ်တွေ မခြွေဘူး အရိပ်တွေသာ ခြွေခြွေပေးနေတယ် သူခြွေတဲ့ အရိပ်ထဲမှာ ဆန်းသစ်တဲ့ နေ့ ရက်တွေပါတယ် ပန်းသစ်ဝေဝေ မနက်ခင်းတွေပါတယ် ရွှန်းလက်ဝင်းပတဲ့ သစ်သီးတွေပါတယ် ပြန်ကျမိုးစက်တွေ ပါတယ် ဘာဖြစ်လို့ များ သူက အရိပ်တွေ ခြွေလိုက်တိုင်း အဲဒါတွေက ပါဝင်နေရတာလဲ ငါစဉ်းစား ငါ့မှာ စဉ်းစားခြင်းဘူတာ ဆိုက်ကပ်ကပ်နေမိ ငါ့မှာ ထထ ပျံဝဲနေမိ ငါ့မှာ သီချင်းထထ အော်ဟစ်ဆိုမိ၊ ဘာဖြစ်လို့ ပါလိမ့် ငါစဉ်းစား ငါတွေးကြည့် ငါသိချင်မိ ထူးဆန်းလှရဲ့  ဒီအရိပ်ခြွေသစ်ပင်အကြောင်း သူကတော့ ဘာသိဘာသာပဲ အရိပ်တွေပဲ ခြွေခြွေချပေးနေ ငါစူးစမ်း ငါမနေနိုင်တော့ဘူး ဒါနဲ့ ငါဟာ အရိပ်ခြွေသစ်ပင်ဆီ သွားကာ သွားကိုင်တွယ်ကြည့်မိ ငါသိလိုက်ရပြီ သူ့ တစ်ကိုယ်လုံးမှာ ကြီးပေါင်းတက်ဒဏ်ရာတွေ နိုင်းချင်း၊ ကမ္ဘာပေါ်မှာ ဒဏ်ရာရ သစ်ပင်တွေလောက်လှတာ ဒဏ်ရာရ သစ်ပင်ပဲရှိ၊ ဩော် - ဒါကြောင့်သူက အရိပ်တွေခြွေပေးနိုင်တာကိုး။ မောင်ချောနွယ် |
No comments:
Post a Comment