Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့

Thursday, April 25, 2013

အပ်

ကွေးလိုက်
ညွှတ်လိုက် နဲ့
ကိုယ့်နဖားကို ပြန်ထိုးဖို့
အကြိမ်ကြိမ် ကြိုးစားပါသေးတယ် ။

မရတဲ့ အဆုံး
သူတစ်ပါးထိုးတဲ့
ကြိုးတန်းလန်းကြီးနဲ့
လွန်းထိုးပြေးလွှားရင်း
ချုပ်တန်သင့်ချုပ် ဖာသင့်တာဖာရင်း
သူတို့ကိုလုံခြုံနွေးထွေး စေခဲ့ပါတယ် ။

ကိုယ်မကျိုးခင်ထိ ဆိုပါတော့ ။

ဘိုဟန်

No comments:

Post a Comment