Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့

Friday, April 26, 2013

‘ကြယ်မှုန်တွေနဲ့လင်း


အရိပ်တစ်ခုထဲကို ခြေသံလုံလုံနဲ့ ချွတ်နင်းဝင်လိုက်တယ်

နက်ပြာရောင်ဟာ မှိုင်းမှောင်မှုနဲ့ဆီးကြိုဧည့်ခံတယ်

ကိုယ် ဦးထုပ်ကို ဘယ်နား ချိတ်ရမလဲ (လှိုဏ်သံပြန်လာတယ်)

ကွဲအက်နေတဲ့ နှုတ်ခမ်းတွေမှာ စေးပျစ်ပျစ် စကားလုံးတွေ တွဲကျနေ

ယိမ်းလှုပ်နေတဲ့ ဖယောင်းတိုင်မီးအောက်မှာ အရာရာဟာ တုန်တုန်မှုန်မှုန်နဲ့

ပင့်ကူမျှင်တွေကိုတော့ သိပ်ထူးပြီး မအံ့သြတော့ဘူး အဓိပ္ပါယ်တွေကို မအံသြ

တော့သလိုပေါ့လေ အေးစိမ့်စိမ့် အထိအတွေ့က ကိုယ့်သိမှုတွေကို ပြားချပ်သွား

စေတယ် လက်ထဲမှာ ကျစ်ကျစ်ဆုပ်ကိုင်ထားတဲ့ ဘုတ်ပြားကို ထောင်ပြလိုက်တယ်

(ဘုတ်ပြားပေါ်မှာ ကိုယ့်နာမည် ရေးထားတယ်) စာလုံးပေါင်း မှန်လားမမှန်လားတော့

ကိုယ်လဲ သေချာမသိဘူး အကယ်၍ ဗမာဘာသာစကားနဲ့ ရေးထားတာကို ဖတ်နိုင်တယ်

ဆိုအုန်းတော့ အသံထွက်မှန်မလား မမှန်ဘူးလား ဂူနံရံမျက်နှာကျက်ကနေ တွဲလောင်းကျ

နေတဲ့ ကျောက်ပန်းဆွဲတွေမှာ တွေးခေါ်မြော်မြင်မှုဆိုင်ရာ အရည်အသွေးတွေ ကပ်ညိနေတယ်

ကိုယ်စီးထားတဲ့ ကင်းဘတ်စ်ဖိနပ်ဟာ ရွှံ့တွေနဲ့ ပျဉ်းတွဲစေးကပ်လို့ ရုတ်တရက်အလင်းတန်းကြီး

ကျလာပြီး မြူလိုမီးခိုးလိုတွေ ဖုံးလွှမ်းသွားပြီး သူတော်စင် တစ်ယောက်လို အဆင်အပြင်နဲ့ လူသား

တစ်ယောက်ယောက် ဘွားကနဲ ပေါ်လာမလားလို့ ကိုယ်ဘာကြောင့် တိတ်တခိုးမြော်လင့်မိတာလဲ

တကယ်ဆို ခြေထောက်ပေါ် ဖြတ်ပြေးသွားတဲ့ ကြွက်တွေရဲ့ အသည်းယားစရာ အထိအတွေ့ကိုသာ

တလှပ်လှပ်တဖိုဖို ဖြစ်နေ ခံစားနေ သင့်တာပေါ့ ခင်ဗျားဆိုရင်ကော အဲ့ဒီ ၀က်ခေါင်းကို ဌာန်ကရိုဏ်း

ကျကျ ပြုတ်ပြီး ဓါးပြားကြီးကြီးနဲ့ ရှပ်လှီးထားတဲ့ အစားအစာမီနူးကို အချဉ်ကောင်းကောင်းမပါပဲ ဒီတိုင်း

မြိန်ရည်ယှက်ရည်စားနိုင်မလား ကျုပ်မေးခွန်းက လူ့ဘ၀ဆိုင်ရာ အရည်အသွေးတွေကို ညွှန်းကိန်းဖော်

ပြနိုင်လောက်အောင် မတောက်စားပါဘူး ရယ်သွမ်းသွေးမှုဟာ ဂူနံရံ အတွန့်အခေါက်တွေရဲ့ ဟိုဖက်

ကနေ လိမ့်ထွက်လာတယ် အကယ်၍ ခုလို ပေါက်တတ်ကရ ပြောဆိုနေတဲ့ အချိန်အခိုက်မှာပဲ ကမ္ဘာကြီး

ရဲ့ တစ်နေရာရာကနေ အနုမြူလက်နက်ကို မဆင်မခြင် သုံးစွဲပစ်ခတ်လိုက်မယ်ဆိုရင် ကိုယ်ဟာ ဒီကဗျာ

ကို အခုလို ဒီနားလေးမှာ အဆုံးသတ်နိုင်ခဲ့မှာ မဟုတ်ဘူး အလေးနီဖြင့်- ရဲဘော် ခင်အောင်အေး။        ။



ခင်အောင်အေး

၆၊ ဧပြီ၊ ၂၀၁၃   ဖရာ့ပရာဒင်န်၊ ဘန်ကောက်   ၁၃း၅၉ နာရီ



ဒီကဗျာရေးပြီးတဲ့ အချိန်မှာ ၁၅ မိနစ် သာသာလောက် ခေါင်းစဉ်အတွက် ခေါင်းခြောက်နေမိတယ်။

ဘေးဘီကို ကြည့်လိုက်တော့ သူငယ်ချင်း ငြိမ်းအေးအိမ်ရဲ့ ကြယ်မှုန်တွေနဲ့လင်းဆိုတဲ့ စာအုပ်လေး

မှောက်ရက်သားလေး တွေ့ရ။ မဆိုင်းမတွပဲ ဆုံးဖြတ်နိုင်ခဲ့တယ်။ ဒါဟာ ကိုယ့်ကဗျာအတွက် ခေါင်းစဉ်

ပဲလို့။ ကျေးဇူးပဲ သူငယ်ချင်း..တစ်နေ့မှာ ဒီကဗျာကို ဒီခေါင်းစဉ်ပေးဖို့ အကြောင်းဖန်လာမှာကို ကြိုသိ

ပြီး ဒီခေါင်းစဉ်နဲ့ ကဗျာ/၀တ္ထုဆိုင်ရာ ခံစားမှုစာစုများကို ထုတ်ဝေခဲ့တာ။ ကျေးကျူးကမ္ဘာဆိုင်…။

 http://www.kaungkin.com


No comments:

Post a Comment