ဒီတစ်ည မိုးလင်းရပြန်ပြီ ။ ကြားခဲ့ဘူရဲ့ “ လူ့ဘ၀ကလေးဟာ ရေပွက်ပမာ ယာယီမှတ်ပုံတင်တံဆိပ် အပ်ဖျားပေါ်က မုံညင်းစေ ..... တဲ့ ” လေ့လာစရာမများလွန်းဘူးလား ။ “ သတိရခြင်းဟာ ..... ... ရှိသင့်တာထက် ပိုတဲ့ အရှုပ်အတွေးတွေ ... တဲ့ ” အလိုမတူဘဲ ဒီစကားကို လက်ခံရရှိလိုက်တာဟာ ဘုရားအလောင်းနဲ့သိကျွမ်းပြီး ခုနှစ်ရက်စောသေသွားတဲ့ “ အာဠာရ ” လို နာတယ် ။ အလွမ်း ၊ အဆွေး အလိုရမ္မက် ဒီတေးကို သေသေချာချာ ဆိုဘူးသလားမေးရင် ဖွပ်ဥအဆိမ့်ဆုံးလို့သာ ဖြေလိုက်ချင်တယ် ။ မိုးကောင်ကင်ရဲ့ အစကို မရှာချင်သူရဲ့ ဒုက္ခ ခု ရနေတယ် ။ သမုတိနယ်က သစ္စာတရားကို မတွေ့ရသေးသမျှ အနာဂတ်ကို မီးမလောင်စေချင်ဘူး ဘ၀မှာ ( ဖြစ်နိုင်မယ်ဆိုရင် ) အမေ့ဝမ်းထဲကနေ ကိုယ့်နံမည် ကိုယ်ခေါ်ပြီး ထွက်လာချင်တယ် ။ ။ ၀င်းမောင် သရဖူ ၊ စက်တင်ဘာ ၊ ၁၉၉၇ |
No comments:
Post a Comment