Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့

Thursday, April 25, 2013

ပင့်ကူအိမ်

ရှင်ဘုရင်ကြီး ပုဆိုးမပါ
လူတကာက ပါတယ်ပြော
ကိုယ်လဲ ပါတယ်ပြော ။

ဟိုတစ္ဆေကြီး ညောင်ပင်မှာ
လူတကာက ခြောက်တယ်ပြော
ကိုယ်လဲ ခြောက်တယ်ပြော ။

ဟိုတိုင်းပြည်က တိမ်ပေါ်မှာ
လူတကာ သွားမယ်ပြော
ကိုယ်လဲ သွားမယ်ပြော ။

ဟိုရွာက ပျောက်စေဆရာ
လူတကာ စွမ်းတယ်ပြော
ကိုယ်လဲ စွမ်းတယ်ပြော ။

ဟိုပန်းချီကား ဆေးဗလာ
လူတကာ လှတယ်ပြော
ကိုယ်လဲ လှတယ်ပြော ။

လူများယောင်တိုင်း ယောင်နေတာ
လူတကာ မှားတယ်ပြော
ကိုယ်လဲ မှားတယ်ပြော ။

အံ့မောင်
၁၉၉၃ ၊ ၈ ၊ ၅
မုံရွာ

No comments:

Post a Comment