ငါ့အူတွေက ခွေးလို သံရှည်ဆွဲအူလို့
ငါ့အစာအိမ်က စစ်လမ်းကြောင်းကျတဲ့ ရွာလေးတစ်ရွာလို။
ငါ့ကျောက်ကပ်တွေက
တဗွမ်းဗွမ်း ရေတွေလျှံလို့။
ငါ့အဆုတ်တွေက
ဖွတ်ချက် ဖွတ်ချက်နဲ့ မီးခိုးတအူအူ
ဘယ်လိုမှ စားသုံးလို့ မရတော့။
ငါ့အရိုးအဆစ်တွေ ဂျွိုင်းထားတဲ့ ဂျွိုင်းနတ်တွေပြုန်းပေါ့
ငါ့ခန္ဓာ တာဘိုအင်ဂျင် သူရဲကောင်းကြီးလေ …
သူရဲကောင်းကြီးတဲ့
ဘယ်လိုမှ ဆုတံဆိပ်တွေ မမျှော်မှန်း
ဘာဆုတံဆိပ်တွေမှ မရခဲ့တဲ့ သူရဲကောင်းကြီးပေါ့။
ငါ ဘယ်တော့မှ လက်နက်မချနိုင်ဘူးတဲ့
ဘာကြောင့်လဲဆိုတော့
ငါ့မှာ ချစရာ လက်နက်မရှိလို့ပါကွယ်တဲ့ ။ ။
မောင်ချောနွယ်
No comments:
Post a Comment