အင်္ဂတေ သွေးနဲ့နယ်ပြီး ကျောင်းအုတ်ကြီးတွေနဲ့ ဆောက် မြင့်မောက်တဲ့ တိုက်ကြီးတချို့ ပြို ရွှေလို လက်လက်ဝင်း တိုက်တချို့လည်း ပျက်ယွင်းလို့ အန္တရာယ် မကင်းတော့ အဆင်းသစ် အိမ်တချို့ သစ်သား ညို့ညို့ အုတ်နီနီ ၀ါးကပ်နဲ့ သီတာတွေလဲ တွေ့ရဲ့ လေမွှေ တဲ့ ဒဏ် ဘယ်လောက် ခံမလဲ ဖောက်ပြန် ဥတု လေရူးလုတဲ့ ခု အချိန်မှာ ငါတို့ အိမ်ကို တင့်ငြိမ်လှပ ဘယ်လိုများ ဆောက်ကြမလဲ ကွယ် ....... ဘယ်လိုများ ဆောက်ကြမလဲ ။ အံ့မောင် ၁၉၉၄ ၊ ၁၀ ၊ ၂၃ မုံရွာ |
No comments:
Post a Comment