Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့

Wednesday, April 24, 2013

စေ့စပ်ပွဲ


တစ်ခုခုတော့မှားနေပြီ
ရှဥ့်လည်းလျောက်သာ ပျားလည်းစွဲသာ
အပေးအယူနဲ့ အယူအစွဲနဲ့
မူကွဲတွေ ညှိရဖို့
မစဉ်းစားခြင်း သေတ္တာဖွင့်ရအောင်း။

ဟိုးလွန်ခဲ့တဲ့ အနှစ် ၂၀
ဗိုလ်အောင်ဒင်ကလဲ ဗိုလ်အောင်ဒင်
ဦးဘချစ်ကလည်း ဦးဘချစ်
ခေါင်းနဲ့ပန်း ဒင်္ဂါးပြားလို
အမှန်တရားကို ဖန်ခွက်ထဲထည့်
စန္ဒယားနဲ့သေနတ်တလက်
မုန်တိုင်း နဲ့ ပန်းပွင့်
မြမြ၀င်းကို ဘယ်သူ ပိုချစ်သလဲ။

ကိုယ့်လူ
လူတိုင်းမှာ ရေစိးရေလာပုစ္ဆာတွေနဲ့
စပိတ်တစ် တစ်ချပ်နဲ့ ရှိုးရဲသလို
ပြေးရဲတာလည်း သတ္တိပဲ ။

အထုပ္ပတ္တိဆိုတာ
သူများရေးလို့မရဘူး
သီအိုရီဆိုတိုင်းလဲ
အမြဲမမှန်ဘူး
သေချာတယ်
တစ်ခုခုတော့မှားနေပြီ ။

 မင်းဆွေနှစ်

No comments:

Post a Comment