ကံတွေရယ်သိပ်ဆိုးတဲ့နေ့မျိုးမှာမနက်အိပ်ရာထနိုးလိုက်မိ - သီချင်းတစ်ပုဒ်ကို ဖွင့်လိုက်တယ်
(ကောင်မလေးတွေမိုက်ရင် သွားမလုပ်နဲ့ ဒိန်းဂျား ) ပြဿနာပဲ အဲဒီမှာစတွေ့ရော
ပါးပါးလေးပါအဲဒီမှာ စတွေ့တာပဲ - စိတ်ထဲကမပါလည်း ကျွန်တော် မျက်လုံးကစားလိုက်မိတယ်
လန်းချက်က၉ လောက်ရှိဆိုလား - အပိုစကားတွေနဲ့ သူတို့က လာလာချုပ်နေတယ် ခဏ ခဏ
ချာတိတ်လေးတစ်ယောက်ပါ- တေလေတစ်ကောင်လို့ဝိုင်းကဲ့ရဲ့ ခင်ဗျားတို့ပြောတဲ့ ထမင်းစား
လက်မှတ်တစ်ခုကျွန်တော့်တွင် Bachelor Degree - အပီအပြင်ကျွေးရင်တော့ အပီအပြင် ၀ါးမယ်
ဒီတစ်ဂွင်ပြီးရင်လားအဆင်လေးနဲ့ဟော်တယ်မှာ နားမယ် - စားလိုက်ပါ ၀ါးလိုက်ပါ ကိုယ်တော်လေး
စိတ်တိုင်းကျပါ- မသိနားမလည်မှုပါ အမိုက်အမဲလေးမို့ ဒီတစ်ကြိမ်ခွင့်လွှတ်ပေးပါ - ကုရာနတ္ထိ
ဆေးမရှိရောဂါသည်HIV / AIDS – Chess ဆို နားခွက်က မီးတောက်ကြစို့ - ဟင့်အင်း မဟုတ်ဘူး
ခေတ်ပေါ်ယဉ်ကျေးမှုမှာနှာခေါင်းကပဲ မီးတောက်ကြ - လိင်တူ လိင်ကွဲ - လိင်မှုကိစ္စ အဖြစ်အပျက်ဇာတ်လမ်းစုံ
မှတ်တမ်းအစုံစုံအမျိုးမျိုးအဖုံဖုံရေးသားကြ အချစ်အကြောင်း အဓိပ္ပာယ်စာလုံးပေါင်းနည်းမျိုးစုံ
Danger ဖြစ်စဉ် - ( က )
ပြတင်းပေါက်ဖွင့်မိခြင်းဟာDanger - ရောက်တတ်ရာရာ စီးမျောခြင်းဟာ Danger
၇၃လမ်းပေါ်မှာ အမြင်မတော်မှုတွေ မှိုလိုပေါက်နေတယ် Danger – Friends ကဖီးမှာမှိုလိုပေါက်နေတယ် Danger
သူငယ်ချင်းကခေါ်တယ်Battle Net မှာ ဂိမ်းသွားကစားရအောင်တဲ့ ဟင့်အင်း အဲဒါလည်း Danger
ပါလေကာမှာ ဆန်စီးတို့ဟူးပျော့သွားစားလိုက်မိတယ် Danger - မိုက်ချက်ကကမ်းကုန်သည် Danger
လာမချုပ်နဲ့ဟာDanger - ရှော့ခ်ဟာ Danger - ကိုင်းကြီးကြီးမှာသွားနားလိုက်တယ် Danger ပဲ
ကောင်မလေးကိုလွှတ်လိုက်သီချင်းစာသားဟာ Danger - ပြိုင်ကားလှလှလေးနဲ့ ဟတ်စကီးဟာ Danger
အဲငနဲကြီးကတိုက်လည်းရှိတယ်- ဆယ်တန်းအောင်ပြီး အလိုက်လည်းသိတယ် ဗျူဟာ သီချင်းဟာ Danger
ကဗျာဆရာတစ်ယောက်စကားကြားမိတယ်ရွှေကိုယ်နတ်ဟာလည်း Danger ပဲတဲ့ သေရော Danger
ဇူကာဘာ့ခ်နယ်မြေဟာမျိုးစုံကြိုးခုန်နေတယ် ကြားတယ် Danger – 1500 တန် ဆင်းကဒ်ပေါ်မယ်ဆိုပဲ Danger
ဘုရားရေအိုး ဂေါ့ဒ် ဒီမိုကရေစီတဲ့ ညည်းလိုက်ချင်တယ် Danger - ကျေးဇူးပြု၍ မ၀ုန်းကြပါနဲ့Danger
အပြောလေးတွေလျှော့အလုပ်နဲ့သက်သေပြ Participate လုပ်ပေးကြပါခင်ဗျာ အမှန်တရားဟာ Danger
နှစ်ဆယ့်တစ်ရာစုဟာDanger - ခေတ်ပေါ်ယဉ်ကျေးမှုဟာ Danger - ပတ်ဝန်းကျင်ဟာ ဓားတွေပေါတယ် Danger
ခင်ဗျားဟာDanger - ကျွန်တော်ဟာ Danger - သူဟာ Danger – အရာရာ အရာအားလုံးဟာ Danger -
ဟန်ဆောင်ရလွန်းတော့ရောဂါ ရင်တွေခုန် သွေးတိုး ဟေး- ရိုး ဟု သုံးကြိမ်အော်လျှင်
အမြင့်ဆုံးကိုတက်ကျွန်မဆိုသည် အချစ်ဆုံးကို ဖက်လိုက်တယ် - ကျွန်မသည် စက်ရုပ်တစ်ရုပ်
ကျွန်မသည်ခေတ်ပေါ်ယဉ်ကျေးမှု - ကျွန်မသည် အမြင်မတော်မှုများနှင့် မှိုလိုပေါက်နေ
ကျွန်မသည်I Phone - ကျွန်မသည် အော်တိုဂီတာဘီးတပ် မော်တော်ဆိုင်ကယ် - ကျွန်မသည် မန္တလေး
ကျွန်မသည်စင်တင်တေးဂီတ - ကျွန်မသည် တိုက်ဂါးဘီယာဆိုင် - ကျွန်မသည် တစ်ခါသုံးအကာအကွယ်
ကျွန်မသည်Living Together - ကျွန်မသည် လီလီ - ကျွန်မသည် ဟန်နီ - ကျွန်မသည် ရီဟားနား
ကျွန်မသည်ပဉ္စကလျာနီနွဲ့ပါးလျဒေ၀ီ - ကျွန်မသည် နီနီခင်ဇော် - ကျွန်မသည် အေသင်ချိုဆွေ
ကျွန်မသည်ဒေါက်မြင့် - ကျွန်မသည် ၀မ်းကွာတားဂျင်းဘောင်းဘီ - ကျွန်မသည် ခေတ်ပေါ် စလင်းဘတ်
ကျွန်မသည်Eva - ကျွန်မသည် Ferrovit - ကျွန်မသည် E Nat - ကျွန်မသည် Oramin F -ကျွန်မသည်အလန်းဖလန်း
ကျွန်မသည်ရန်သူ - ကျွန်မသည် စုန်းမ - ကျွန်မသည် Relvon မိတ်ကပ်ရည် ကျွန်မသည် တင်ဇာမော်
ဟင့်အင်းတစ်ခုမှ မဟုတ်တော့ဘူး အခု ကျွန်မနာမည်သည် [ ဖြူ ] ကျွန်မအလုပ်အကိုင် = ?
စင်တင်တေးဂီတပေါ်ညအခါကာလ ကျွန်မ သီချင်းဆိုပါရဲ့ - ဟိုဟာ ဒီဟာ ဘာညာအထာနှင့်
တစ်ခါတစ်ရံကိုင်းကြီးကြီးတွင်နားစဉ် ကျွန်မ - အဲဒါပဲ ကျွန်မဆိုသည် - ထိုအရာသည် ကျွန်မ
ကျွန်မသည်လည်းကောင်းDanger - ကျွန်မအိပ်မက်တစ်ချို့သည်လည်းကောင်း Danger
Danger ဖြစ်စဉ် - ( ခ )
ခေတ်ပေါ်ယဉ်ကျေးမှုတွင်Danger ဟု ရှင်တို့ ယူဆထားသော အချက်အလက်ဟူသမျှ
အောက်ဖော်ပြပါရှိတွင်တစ်ခုထက်မက စိတ်ကြိုက်ပြင်ဆင်ဖြည့်စွက်ရေးသားနိုင်ပါကြောင်း -
ဥပမာ- EXAMPLE
[I ] ထွန်းကိုကို ၏ အရာအားလုံးသည် Sexy ကျသဖြင့် ကျွန်မအတွက် Danger
[II ] စန္ဒီမြင့်လွင်သည် Rap ရွတ်လျှင် မကြာခဏ နှုတ်ခမ်းစူသဖြင့် ကျွန်တော့်အတွက်Danger
လူယောက်ျားသက်ရှိများဖြည့်စွက်ရန် လူမိန်းမသက်ရှိများဖြည့်စွက်ရန်
[ I ] [I ]
[ II ] [II ]
- - - e.t.c - - -e.t.c
To Infinity To Infinity
[Ending ]
နှစ်ဆယ့်တစ်ရာစုဟာDanger - ခေတ်ပေါ်ယဉ်ကျေးမှုဟာ Danger
ခင်ဗျားဟာDanger - ကျွန်တော်ဟာ Danger - သူဟာ Danger
အရာရာဟာDanger အရာအားလုံးဟာ Danger
SO SO & SO On DANGER + + + + + ။ ။
* ကျွန်တော့်ကဗျာအရေးအသားတွင် တွဲဖက် Participate လုပ်ထားသော သီချင်းစာသားစကားလုံးများ
Danger = Snare & Sai Sai
မိုက်ချက်ကတော့ကမ်းကုန် = Snare
လာမချုပ်နဲ့ + Shock + ကိုင်းကြီးကြီးမှာ နား = စန္ဒီမြင့်လွင်
သမီးရှင် = ဗျူဟာ
သာသာယာယာပဲ = အမျိုးသမီးတေးသံရှင်အစုံ ( Shwe FM )
ရွှေကိုယ်နတ်(UCSM)
[ 15.04.13 – 11:55PM ]

No comments:
Post a Comment