Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့

Monday, April 22, 2013

လိုရမယ်ရ


ဘယ်တုန်းက ဟာသကို ရယ်

(ငါတို့ နောက်ဆုတ်လို့မဖြစ်ဘူး ကြည်ဇော်အေး
မျက်နှာဖုံးစွပ်ပွဲတော်မှာ အသည်းကွယ်တယ်
ဝန်ခံချက်။ ။[ကားလိပ်ချ]ဟစ်ပ်ဟော့ အမိုက်အမဲ
ခေတ်သစ်ကွန်ဆာဗေးတစ်လို့ဆိုဆို
အတင်းပြောတာတော့ မစွန့်လွှတ်နိုင်
ကာလတန်ကြေးနဲ့ မထိုက်တန်တဲ့ အနာက အမည်မဲ့
ငရုတ်သီးနဲ့ပေါင်းမှ ကြက်သွန်ပါ
အထောင်းခံရသလို
“မင်းတံခါးတွေ ဖွင့်ထားပါဦးကွာ...”
ဒီအဖြစ်အပျက်က
ချာလီချက်ပလင်ငိုရအောင် ရယ်ရတယ်။ ။)


တိုးနှောင်မိုး
ရယ်စရာ-အမှတ်(၅၃) ၊ ဧပြီလ ။ ။

 by Toehnaung Moe (Notes)  Facebook မှ ကူးယူပါသည် /

No comments:

Post a Comment