Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့

Monday, April 22, 2013

မိုးရွာရင်မိုးရေချိုးမယ်မေမေလာရင်နို့စို့မယ်ဖေဖေလာရင်အုန်းသီးခွဲစားမယ်...ဆိုတဲ့တချိန်က


ဧည့်ခန်းမှာချိတ်ထားတဲ့ဓါတ်ပုံတွေကြည့်ပြီး
ဖြတ်သန်းခဲ့ရသောအသက်ရှင်သံရှူမျှော်ခင်းတွေ
ဖုံသုတ် ဆေးကြောသန့်စင်ရင်းက
ဝိုင်ချိုမူးရင်ဆိုတတ်တဲ့သီချင်းအိမ်ရှေ့ဖြတ်လျှောက်သွားတဲ့အရူးအော်ဆိုသွားတဲ့အခါ
တမာစိန်ပန်းလိုသံသရာကလည်လျှက်
ဓါတ်တိုင်ကိုတောင်းပန်တဲ့ခေတ်ကြီးက အတိတ်
ကိုယ့်အိမ်ကိုယ် မမှတ်မိအောင်လွမ်းဆွေးမိတယ် ဟိုးတခါ
အကြောင်းအရာကနှပ်ချေးတွဲလောင်းဘ၀ကိုပြန်ရတယ်။
ဒီအဖေဒီအမေဒီသား
ဒီညီလေးနဲ့လှနေတဲ့ကြံပန်းခိုင်
ဘဲငန်းမေးရိုးသွားမရှိသလို
ကျွန်တော်မွေးတုန်းကလည်းဘာသွားမှပါမလာဘူး။
စိတ်၏တင်းမာမှုဆိုတာဘယ်သဘောသဘာဝကိုဦးတည်သလဲ
ချွဲချွဲပျစ်ပျစ်ဖေဖေမေမေရင်ခွင်
ဘယ်ကမ္ဘာမှမလုံးဘူးဆိုတဲ့အတွေး
မပြည့်စုံတာမသိရတာကိုပဲ ငြိမ်းချမ်းသလို
ညီအစ်ကိုချင်းရန်ဖြစ်တာကအစ
ဂဏန်းသချာင်္ နဲ့မဆိုင်တဲ့တွက်ချက်မှုနဲ့
ဦးအောင်တိုင်တတ်တဲ့ အဆိုကိုစတင်မီးမွှေးခဲ့ပါတယ်။
ကျွန်တော်ညီရဲ့အထောက်အကူကအတိုင်အတောထူခြင်း
ကျွန်တော်ရဲ့ရောဂါဝေဒနာက ငြင်းခုန်ခြင်း
ရုပ်ပစ္စည်းတွေအပြိုင်မက်မောမိတဲ့ကစားစရာတွေ
ရောထွေးရှုတ်ရှက်ခတ်နေတဲ့ သင်ကြားရေးစနစ်တွေကြား
ပန်းချီပစ္စည်းတွေနွေဦးသစ်ရွက်ကြွေသရုပ်ပြအလင်း
သူ.နမိတ်ပုံနဲ့သူဆွဲတတ်သလိုဆွဲထားတဲ့သစ်ပင်
လူးလှိန့်ပျော်ပါးအရသာခံကျေနပ်နှစ်သိမ့်
ဒီကောင်မသေရင်ပန်းချီဆရာဖြစ်မယ်ဆိုတဲ့အတိုင်း
သူ့ပန်းချီကားထဲကသစ်ပင်တနှစ်တခါသစ်ရွက်ကြွေလို့။
ပျော်စရာပါ
နှစ်ယောက်သားကျိပတ်သန်တယ်
ခွန်နှ နှစ်ကွာပေမဲ့ အမွှာတွေလိုပဲ
ငါးတွေဆိုပြီးမသိခင် ဖားတပိုင်းငါးတစ်ပိုင်းတွေဖမ်း
စာရွက်အထပ်လိုက်ကိုပုံသဏ္ဍန်အမျိုးမျိုးယူဆ
နှစ်ယောက်သားအငြိမ့်ထွက်တော့လူရွှင်တော်
ဗိသုကာပညာမတတ်ပဲ
ရွှံ့နဲ့တတားတွေဆောက်
ကိုယ်ဗုံးခိုကျင်းလေးနဲ့ကိုယ် ညီအစ်ကိုနှစ်ယောက်စကားများခဲ့
တစ်ယောက်နဲ့တစ်ယောက်မသိသလိုဆက်ဆံခဲ့တစ်ဦးတည်းဇါတ်လမ်းတွေဆင်ပြီးစကားပြောခဲ့
ကျွန်တော်ငေးမျှော်ရာ အော်သံတွေက
မရှိးသားတဲ့သတင်းတွေအမှောင်ချသွား
နံရံကိုထိပြီးပြန်ကန်လာတဲ့ရာဘာတုံးလို
ဒီကောင်သေတော့ တုန်ခါလိုက်တဲ့ဖြစ်ခြင်း
ထွန်းထားတဲ့ဖယောင်းတိုင်ငြိမ်းသွားတယ်။
မန်ဒါလီဘဲတွေ အတောင်စုံလို့ထပျံသလို
ပျှော်ရွှင်ခြင်းကအဝေးကြီးပျံမရတာကိုသိတော့
အိမ်ခေါင်မိုးပေါ်ပိကျနေတဲ့ဇီးပင်ကြီးမှာ
အမြဲချိုတဲ့အသီး ညီလေးသေတဲ့နေကချဉ်နေတယ်။
အဖြစ်ကအဲဒီလို မုန့်လုံးစက္ကူကပ်လို့မရ
ရေထဲမြုတ်နေတဲ့ မုန့်လုံးကပြန်မပေါ်
အလွန်အလွန် ကွဲပြားခြားနားနေသောလူ့သဘာဝမှာ
ဖေဖေ၀ယ်ပေးတဲ့ရွှံ့ရုပ်ချိုးလေးက တကူကူ
ဗိုက်သားဆူနေတဲ့ရယ်စရာနှင်းဆီပန်းတွေ
ဥသြတွန်သံနဲ့မလွမ်အားလို့ ခံစားမှုကိုဖေါ်ထုပ်ဖို့
သွယ်ဝိုက်ညွှန်းဆိုထာတဲ့ အုန်းသီးခြစ်နဲ့ ရင်ဘတ်ခြစ်သလို
တအိအိပြိုကျနေတဲ့ကမ်းတွေက
မှန်ဘီဒိုကိုစိတ်လိုလက်ရ စိတ်နဲ့ရိုက်ခွဲတဲ့အတိုင်း
စိတ်သာနာကျန်ခဲ့တယ်
မှန်တွေကကွဲကြေမသွားဘူဆိုတော့
ပျော်စရာတွေခပ်မေ့မေ့
လူအရွယ်ထက်ပိုကြီနေတဲ့ဒုက္ခကချိုနဲ့လားလို့ခပ်မေ့မေ့
စကားလုံးကို ထုဆစ်ပြီးတင်းမာမှုကို လိုင်းတွေလျှော့ခဲ့ရ
ညီလေးဟာ မိုနာလီဇာကို ချိုင်းမွှေးထည့်ပြီးပန်းချီဆွဲခဲ့တယ်။
နှိုးဆော်လွှာတွေလို အိမ်တိုင်ရာရောက်လာခေါ်တတ်တဲ့သေခြင်း
အသံမပြုပဲ ထွက်ခွာတတ်တဲ့အသက်ဇီဝ
အိမ်ထောင့်ကမသုံးပဲထားတဲ့ဓါးကိုအပေါစားမြက်ခုတ်ရင်း

ဖေဖေ့ရဲ့မျိုးပြုန်းလုနီးပါးဖြစ်သွားတဲ့စိတ်ကူးက
မိသားစုဓါတ်ပုံတွေပဲကာတွန်းကွက်လိုကျန်ခဲ့တယ်။
စက်ရုပ်တချို့ မော်တော်ဆိုင်ကယ်ဖြစ်နေလို့
နှလုံးသားတချို့ လီဗာဗြဲအော်ငိုလို့ မီးထွန်းလို့သွေးတွေအေးခဲလို့
တဖွဖွပြောရင်း သီချင်းတစ်ပုဒ်နဲ့မီးတောက်တွေကလို့
ဒါသဘာဝပါဆိုတော့တစ်ဦးချင်းတန်ဖိုးကအရှိန်နဲ့ပြေးနေ
ပေါင်တံလေးတွေကငေးတဲ့သူမျှော်သလို
ဖေဖေဟာ တိုင်နဲ့ခေါင်းနဲ့ပြေးဆောင့်ပြီး နှလုံးသားကြွေခဲ့တယ်။
တလောကလုံးသေချာတာ လှုပ်ရှားပြောင်းရွှေ့ခြင်းပဲ
အမှန်တ၇ားက အလေးပေးတာမဟုတ်ပဲ အစိတ်အပိုင်းတစ်ခု
ဖြတ်ချလိုက်သလို
အဲဒီခုနှစ်ကိုပက်စ်ပို့ပုံရိုက်သိမ်းလိုက်တယ်။
မပျှော်ရွှင်တဲ့ဖန်တီးမှုအတွက်
အသေးစိတ်ညွှန်ကြားနေသောကမ္ဘာ့အစိတ်ပိုင်းတစ်ခုဆီ
စိတ်ကူးသည်အနုပညာကိုဖန်တီးသော ယန္တရားတစ်ခုဖြစ်သည်ဟုသော
ဆိုးလီဗစ်(၁၉၆၅) အယူအဆကိုယူဆရင်း
ငယ်ဘ၀အဓိပ၌ါယ်စံပြုဆွေးနွေးချက်များ
ပြီးခဲ့သောပျက်စီးသွားပြီဖြစ်သောရုပ်ဝတ္ထုများ သရုပ်ပြမှုကို
အချိန်ကိန်းသေအဖြစ်ထားရှိလို့
နေပူမိုးရွာသူခိုးလာသီချင်းကိုဆိုပြီးနောက်
မိုးရွာထဲထွက်ပြီးပျော်ပါးခဲ့သလို
တိုးနှောင်မိုး@gmail.com မှာဝင်ရောက်ဖတ်ရူနိုင်ပြီဆိုတဲ့အကြောင်း
အရာဝတ္ထုတို့၏မတည်မြဲသောအဓိပါယ်။     ။



                                                      တိုးနှောင်မိုး

No comments:

Post a Comment