ဒီ ဘလော့ပေါ် ခင်ဗျား ဖြတ်လျှောက်တဲ့အခါ သမိုင်းမှတ်တိုင်တွေကို ဖြတ်ရမယ် ။ စိတ်အပန်းဖြေစရာ မဟုတ်တဲ့ လူမှုပတ်ဝန်းကျင်ရဲ့ သက်ပြင်းသံတွေကို ခင်ဗျား ကြားရ နာရ လိမ့်မယ် ။ အဲဒီအသံတွေကို ခင်ဗျားတို့ ရင်ဘတ်ထဲ အထိရောက်ဖို့ ရည်ရွယ်ပါတယ် ။
Monday, April 22, 2013
တေစ ၦ
ကမာၻႀကီးမွာ
သွေးသစ်လဲပြီးသူနဲ့
အရိုးပေါ်အရေတင်ခဲ့သူ ၊
ကျွန်တော်သိထားတဲ့ အချစ်ဆိုတာ
ကျွန်တော်မသိသေးတဲ့ စစ်ထက်
ကြောက်စရာကောင်းမှာပဲ ။
ကျွန်တော်ကငယ်တော့
ငယ်တဲ့အတိုင်းပဲ စဉ်းစားတယ်
ကန္တာရမှာ ပန်းကလေးပွင့်ရင်
ပွင့်တဲ့ပန်းဘုရားစင်မှာ လန်းရမယ်
ညဆို
သစ်တောက်ငှက်တစ်ကောင်က
ဘာလို့၊ ကျွန်တော့်တံခါးကို လာခေါက်နေတာလဲ၊
သြော် . . .
ဒီကန္တာရကို တံပိုးတပ်ရုန်းမယ့်ယောကျာ်း
အမေ့သားက
သစ်တောတွေဝင်စားပြီး
တစ္ဆေဖြစ်နေသူမဟုတ်လား။
ခရမ်းပြာထက်လူ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment