Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့

Monday, April 22, 2013

သိပ္ပံနဲ့နည်းပညာခေတ်ထဲက သမီးလေး

ဖေဖေ
အိမ်တွေ လမ်းတွေ စာသင်ခန်းတွေကပူလို့
ကားတွေ ကွန်ပျူတာတွေ သူငယ်ချင်းတွေကပူလို့

သမီးကို
ရေနည်းနည်းပေးဆော့ပါ။

ဖေဖေ
အရွယ်ရောက်ပြီဆိုတာနဲ့ အမျှ
အရွယ်မတင်တော့ဘူး ဇာတ်ကစပြီး
သမီးကို
သိပ္ပံပညာက
အကိုင်းအခက်တစ်ခုဆီက လှီးထုတ်နေတယ်
ကျွန်မအကြောင်းလွှင့်ထုတ်နေတဲ့ ဖန်လ်သားပြင်ပေါ်မှာ
ကျွန်မ ဝိဥာဉ်ပါမလာဘူး

ဖေဖေနဲ့ကျွန်မ
သမီးနဲ့အမေ တစ်မြို့စီတစ်မြေစီ

ကျွန်မဟာ အခုနှင်းထဲမှာ ခိုက်ခိုက်တုန်လို့
အဖေဟာ အခုချိန်ကျောက်မီးသွေးတွင်းထဲမှာ
တိုက်ပွဲတစ်ခုကို မြန်နှုန်းမြှင့်မောင်းနှင်လို့
အမေဟာ အိမ်ရှေ့ လမ်းမပေါ် မတ်မတ်ရပ်
ကြယ်တွေကိုမော့ကြည့် မျက်တောင်တဖျပ်ဖျပ်ခတ်လို့

အဖေ
မထိတ်လန့်ပဲ
သမီး စင်္ကြဝဠာကြီးထဲဝင် အိပ်မိ
အမေ
အမေ့ရင်ခွင်လောက်နွေးသောအိပ်ယာ ဒီမှာမရှိ။    ။

 ခရမ်းပြာထက်လူ

No comments:

Post a Comment