ဒီ ဘလော့ပေါ် ခင်ဗျား ဖြတ်လျှောက်တဲ့အခါ သမိုင်းမှတ်တိုင်တွေကို ဖြတ်ရမယ် ။ စိတ်အပန်းဖြေစရာ မဟုတ်တဲ့ လူမှုပတ်ဝန်းကျင်ရဲ့ သက်ပြင်းသံတွေကို ခင်ဗျား ကြားရ နာရ လိမ့်မယ် ။ အဲဒီအသံတွေကို ခင်ဗျားတို့ ရင်ဘတ်ထဲ အထိရောက်ဖို့ ရည်ရွယ်ပါတယ် ။
Wednesday, April 24, 2013
ကျွန်ုပ်တို့၏မိုးလေ၀သများ
အာခိမိဒိဟာ ဥာဏ်ကောင်းတော့
သင်္ဘောကြီးတစ်စီးလုံး
သူတစ်ယောက်တည်းရွှေ့ခဲ့တယ်
ဘယ်လိုစိုက်ပျိုးကြမလဲ
မင်းတို့က အဲဒီခေတ်မဟုတ်တော့ဘူး
လေသာကျောင်း
ယောက်ျားတို့တတ်အပ်တဲ့အဌာရသ
မျက်လုံးကိုအ၀တ်စည်းပြီး
အပ်ကလေးကိုမှန်အောင်ပစ်ခဲ့ကြ
တစ်ရက်အတွင်း သင်ပုန်းကြီးကျေခဲ့ကြ
လက်မောင်းလေးတွေ တစ်လှည့်စီထိုးပြီး
ရေကန်တော်ထဲ ရေကူးကျင့်ခဲ့ကြ
အခုတော့ ငါတို့ဟာ
ဘ၀ပင်လယ်ထဲ
မျက်လုံးတွေစုံမှိတ်ပြီး ကူးရပါပြီ။
ရှုထောင့်အသီးသီးက
မြစ်ကြီးတွေ တရဟောစီးလာတယ်။
ငယ်ငယ်ကရခဲ့တဲ့ ဒုက္ခနဲ့
တစ်ယောက်ကိုတစ်ယောက် အနိုင်ပိုင်းတယ်။
တစ်ယောက်ကိုတစ်ယောက် ဖေးမတယ်
တစ်ယောက်တစ်ကွဲစီ လွင့်စင်တယ်။
မီဒီယာခေတ်
သေနတ် အနုမြူဗုံး ဒုံးပျံ
ရေဒီယို ကက်ဆက် ကွန်ပြူတာ
ဗွီစီဒီ ကာရာအိုကေ ဘ၀ရဲ့အသံတွေနင်နေကြတယ်။
ဒါမင်းတို့ငေးငေးနေတဲ့ ငါတို့ကျောင်းကြီးစစ်စစ်ပါလို့
ဘယ်ပုံပြင်နဲ့ ယုံအောင်ပြောရမလဲ
မျက်လုံးလည်ရွဲ
ငါတို့ချွေးသံတွေ အတ္တတွေနဲ့
သူ့တစ်ကိုယ်လုံး စိုရွှဲခြောက်သွေ့ခဲ့
ငါတို့ ရတက်ဇော ဖုတ်လှိုက်တွေနဲ့
ငါတို့ကိုယ်တိုင်လည်း မောပန်းခဲ့ကြ
ကြာပြီ။
ဝိုင်ချို
Labels:
ကဗျာ - ၀ိုင်ချို
Subscribe to:
Post Comments (Atom)
No comments:
Post a Comment