Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့

Tuesday, April 23, 2013

ကဗျာတေးဆို ဖီးနစ်သို့.......


သေမင်းကို ခေါင်းချင်းဆိုင်တိုက်မယ့်စိတ်နဲ့
ညင်သာသိမ်မွေ့စွာ ရဲရင့်သောဝတ်ရုံနဲ့
အလင်းကွယ်နေတဲ့လောကအတွက်
လောင်မြိုက်တောက်ပပေးလိုက်ဖို့ နောက်မတွန့်သူ။

သဲထဲ ခေါင်းထိုးဝှက်ထားခြင်းက
လွတ်မြောက်ရာအစစ်လား
မုန်တိုင်းကို စူးစိုက်ကြည့်ရင်း မေးတယ်
တစ်ဦးတည်းလွတ်မြောက်ခြင်းက
ပြီးပြည့်စုံသော အဓိပ္ပါယ်အစစ်လား
အားလုံးနဲ့အတူတူရပ်ရင်း တွေးတယ်။

တံလျပ်တဝေေ၀ ကွင်းပြင်ကြီးထဲ
ရှူရှိုက်နေရတဲ့လေထုကို သံသယမကင်းတော့
ယုံကြည်ခြင်းကို အကျဉ်းချ မထားနိုင်တော့
အဲဒီလွတ်လပ်ခြင်း သူ ငြင်းပယ်ခဲ့တယ်။

နှလုံးသားကို အပြင်းထန်ဆုံးတီးခတ်လို့
အဇ္ဈတ္တ ထဲက ပွင့်အန်ပေါက်ကွဲသံနဲ့
သူသီဆိုတဲ့ တောထုတ်တေး
လေးဘက်လေးတန် ပဲ့တင်ထပ်ရင်း
လိပ်ပြာမလှသူတွေ သွေးပျက်ချောက်ချားစေပြီ။     ။

                                                        အဂ္ဂလင်း
                                                          2010

No comments:

Post a Comment