Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့

Monday, April 22, 2013

အရင်အတိုင်း ရေးဖြစ်တဲ့ကဗျာ


အတွေးမှား အရေးမှားရင် ဈေးစကားပြောမယ့်ခေတ်
အာရုံတွေသိပ်များမနေနဲ့ကိုယ့်လူ
ဒူးနေရာဒူးတော်နေရာတော် ငဘသားဟာ ငဘအကြောင်းပြောရမယ်
အဘမြေးဆိုရင်တော့ မန်ယူ ၀ယ်ဝယ် စီးတီးဝယ်ဝယ် ခင်ဗျားအပူမပါ
ဆိုတော့ .....  ခင်ဗျား အယူအဆ ကိုယ်တိုင်ဆင်ဆာ ဖြတ်ပါ
မဟုတ်ရင် ကိုယ့်မီးကိုယ်ရှာ  ကျောက်ခေတ်ကို ရွေ့ကြပေတော့
သွေးဆူရင် ဘ၀ကို လမ်းပေါ် ထုတ်လှမ်းပစ်လိုက်
လယ်စိုက်တော့ မြွေကိုက် ၊ကိုက်တဲ့မြွေဖမ်းရောင်းတော့လည်း ဖမ်းတာပဲ
ဘုရားသခင်ကို အဲဒီပန်း အပွင့်နှေးတဲ့အကြောင်း မက်ဆေ့ပို့ထားလိုက်ကြ
အပွေးလည်းမမြင် အပင်လည်းမသိတော့ ကြွေလာတဲ့အသီး
နယူတန်နဲ့ပြောင်းပြန်ကောက်စားပြစ်လိုက်ကြသူများခေတ်

သမိုင်းဆိုတာ ညီအကို မသိတသိ နဲနဲအလင်းအမှောင်ညှိလိုက်ရင်
အားလုံး စု လိုက်ကြ  စု လိုက်ကြ ဒါ လူကြီးလူကောင်းဆန်ဆန်နေထိုင်ခြင်း
ရှူး ... တိုးတိုး ... လိပ်ဥတူးခြင်း ကိစ္စရပ်များ ဘယ်သူမှ ဖွင့်မပြောကြေး
ပင်လယ်စောင့် ဂဠုန်တွေ ကြီးစိုးတဲ့ ဂြိုလ်စီးဂြိုလ်နင်းမှာ
အရာရာပျောက်စေ၊ရောက်စေ ခင်ဗျား အတွက် ပေါက်မဲဟာ ဗလာ
တောင်စွယ်နေကွယ် သုဿာန်ထုတ် ဓားခုတ် သတ်စေပဲ
ပုံသေနည်းအတိုင်း လျှောက်ကြည့် အဖြေဟာရှိပြီးသား ၀င်္ကဘာလမ်း
ဒရွတ်ဆွဲနေတဲ့ ခေတ်ကိုမှလှတယ်ဆိုတော့ဗျာ ......
သံသယကို ဆပွားရင် ဘိုးဘိုးအောင် ၀လုံး တွေ ထပ်တိုးလာမယ်
မိုးခြိမ်းသံတွေ တဖြည်းဖြည်း မြန်မြန်ဆန်ဆန် မြန်လာပါပြီ
မင်္ဂလာ စည်တော်ကြီးတီးဖို့ အရေး ..........
အင်း ... အင်း .... အတွေးမှာ ဆွေးစရာတွေ သိပ်များတယ်ကွယ်
ဦးဘချစ်ကြီး ညည်းသလို ဒေါ်ဒေါ်ပူတာက တစ်မျိုး ကျွန်တော်ပူတာကတစ်မျိုး ။

ဘိုဟန်
 Tuesday, August 14, 2012 at 12:07am

No comments:

Post a Comment