(၁)
ငါ့စိတ်ရဲ့
တံစက်မြိတ်အစွန်းဆီမှာ
တဂိုးနဲ့ နံသာလှေတစ်စင်း
ရွက်လွှင့်ရင်း တေးသီနေတယ် ။
“နောင်ဘ၀မှာ
လူဖြစ်လာခဲ့ရင် ....
ဟင့်အင် .... ညီအစ်ကိုတို့
ဘင်္ဂလားပြည်ရဲ့ ခေါင်းဆောင်သစ်
ငါမဖြစ်ချင်ဘူး ” တဲ့ ........
လုံမလေးတွေ ထောမွှေရာ
ဘရိန္တာတောအုပ်ထဲက
သော်က ပင်ရိပ်အောက်မှာ
ပုလွေကြူအေး
နွားကျောင်းသားလေးဘဲ
ငါဖြစ်ချင်တယ် ”
(၂)
ငါ့စိတ်ရဲ့
အရိပ်စွန်းအောက်မှာ
အို ... ခရစ်တော် .....
“ အို ... ဘုရားသခင်
အရှင်၌ ဂိုဂိုးသာတီးန်
တဦးတည်းသာ
ထိုကြောင့်ပင်
အရှင်၏
လက်ဝါးကပ်စင်နှင့်ဆူးခက်
တပည့်တော်လက်သို့
နှင်းဆက်ခဲ့ပါ ”
“ အို .... ဆော့ခရတ္တိ
သင်၏ညာလက်ထဲ
ပုလဲမြှုပ်များ ဖိတ်လက်
အဆိပ်ခွက်ကို
ကျွန်ုပ်ထံလက်လှမ်း
ကမ်းခဲ့ပါလေ
(ဖြေဖို့ မလိုပါ)
သင့်ရှေ့မှာဆိုလျှင်
သင့်ကို သေဒဏ်စီရင်နေသူ
နှစ်ရာ့ငါးဆယ်မျှသာ
ရှိနေပါသည်။
ရှိနေပါသည် ။
အိုး ..... ကော်ပါးနီးကပ်စ်
သင့်လည်ပင်းမှ ကြိုးကွင်းကိုဖြုတ်
ကျွန်ုပ်လည်ပင်း
နှင်းခဲ့ပါ ။
(ဖြေဖို့မလို) သင့်အပါးမှာ
သင့်အားတရားစီရင်နေသူ
ခရစ်တော်၏တပည့်များမှာ
အသိဥာဏ်တရား
အနည်းအပါး ရှိသေးသည် ။
အိုး .... ဧကရာဇ်ဘုရင်
အရှင်ဂျူးလီးယက်စ်ဆီဇာ
သင်၏ရင်ဝမှ
နောက်ဆုံးရ ဓားချက်
ကျွန်ုပ်ရင်အုံထက်
ဆက်လွှခဲ့လော့ ....
(ဖြေဖို့မလို)
အရှင်မင်းမြတ်တွင်
ဘရူးတပ်စ်တစ်ယောက်သာ ။
(၃)
ဟင့်အင်း ... ညီအကိုတို့
“ အာဏာ
ငွေ
ကျော်ဇောခြင်း ” နှင့်
ရောင်းဝယ်ခြင်းမပြုမှသာ
အနုပညာ၏
တြိသီလတရား ..... ဟု
ကျွန်တော် ယုံကြည်ထားခဲ့ပါသည်။
ဟုတ်တယ် ညီအကိုတို့
တကယ်လို့ နောင်ဘ၀မှာ
လူပြန်လာ ဖြစ်ခဲ့ရင်
ငါဖြစ်ချင်တာ ”
ကျွန်တော်လည်း
ဘရိန္တာ တော်အုပ်ထဲက
သော်က ပင်ရိပ်အောက်မှာ
အနုပညာရဲ့ တြိသီလတရား
ဖြူစင်စွာ ၀တ်ဆင်ထားလို့ပေါ့ ။
ပုလွေကြူအေး
နွားကျောင်းသားလေး ....... ။
(၄)
ခုတော့
ကျွန်တော့စိတ်ရဲ့
ဤတံစက်မြိတ်အရိပ်စွန်းအောက်မှာ
သူတို့ဆီက ထိုအရာတွေ
လုယက်ယူနေတယ်
“ လက်ဝါးကပ်တိုင်နဲ့ ဆူးခက်
အဆိပ်ခွက်နဲ့ ကြိုးကွင်းများ
ကျွန်ုပ်ထံပါး ထားခဲ့ကြ ” ...... ။
နိုင်ဝင်းဆွေ
(၁၉၈၆ ဧပြီ ၁ရက် ၊ ကလောင်သက် နှစ် ၂၀ နေ့တွင် ပန်ဆန်း စပါယ်တော စခန်းတွင်
ရေးဖွဲ့သည် )
ငါ့စိတ်ရဲ့
တံစက်မြိတ်အစွန်းဆီမှာ
တဂိုးနဲ့ နံသာလှေတစ်စင်း
ရွက်လွှင့်ရင်း တေးသီနေတယ် ။
“နောင်ဘ၀မှာ
လူဖြစ်လာခဲ့ရင် ....
ဟင့်အင် .... ညီအစ်ကိုတို့
ဘင်္ဂလားပြည်ရဲ့ ခေါင်းဆောင်သစ်
ငါမဖြစ်ချင်ဘူး ” တဲ့ ........
လုံမလေးတွေ ထောမွှေရာ
ဘရိန္တာတောအုပ်ထဲက
သော်က ပင်ရိပ်အောက်မှာ
ပုလွေကြူအေး
နွားကျောင်းသားလေးဘဲ
ငါဖြစ်ချင်တယ် ”
(၂)
ငါ့စိတ်ရဲ့
အရိပ်စွန်းအောက်မှာ
အို ... ခရစ်တော် .....
“ အို ... ဘုရားသခင်
အရှင်၌ ဂိုဂိုးသာတီးန်
တဦးတည်းသာ
ထိုကြောင့်ပင်
အရှင်၏
လက်ဝါးကပ်စင်နှင့်ဆူးခက်
တပည့်တော်လက်သို့
နှင်းဆက်ခဲ့ပါ ”
“ အို .... ဆော့ခရတ္တိ
သင်၏ညာလက်ထဲ
ပုလဲမြှုပ်များ ဖိတ်လက်
အဆိပ်ခွက်ကို
ကျွန်ုပ်ထံလက်လှမ်း
ကမ်းခဲ့ပါလေ
(ဖြေဖို့ မလိုပါ)
သင့်ရှေ့မှာဆိုလျှင်
သင့်ကို သေဒဏ်စီရင်နေသူ
နှစ်ရာ့ငါးဆယ်မျှသာ
ရှိနေပါသည်။
ရှိနေပါသည် ။
အိုး ..... ကော်ပါးနီးကပ်စ်
သင့်လည်ပင်းမှ ကြိုးကွင်းကိုဖြုတ်
ကျွန်ုပ်လည်ပင်း
နှင်းခဲ့ပါ ။
(ဖြေဖို့မလို) သင့်အပါးမှာ
သင့်အားတရားစီရင်နေသူ
ခရစ်တော်၏တပည့်များမှာ
အသိဥာဏ်တရား
အနည်းအပါး ရှိသေးသည် ။
အိုး .... ဧကရာဇ်ဘုရင်
အရှင်ဂျူးလီးယက်စ်ဆီဇာ
သင်၏ရင်ဝမှ
နောက်ဆုံးရ ဓားချက်
ကျွန်ုပ်ရင်အုံထက်
ဆက်လွှခဲ့လော့ ....
(ဖြေဖို့မလို)
အရှင်မင်းမြတ်တွင်
ဘရူးတပ်စ်တစ်ယောက်သာ ။
(၃)
ဟင့်အင်း ... ညီအကိုတို့
“ အာဏာ
ငွေ
ကျော်ဇောခြင်း ” နှင့်
ရောင်းဝယ်ခြင်းမပြုမှသာ
အနုပညာ၏
တြိသီလတရား ..... ဟု
ကျွန်တော် ယုံကြည်ထားခဲ့ပါသည်။
ဟုတ်တယ် ညီအကိုတို့
တကယ်လို့ နောင်ဘ၀မှာ
လူပြန်လာ ဖြစ်ခဲ့ရင်
ငါဖြစ်ချင်တာ ”
ကျွန်တော်လည်း
ဘရိန္တာ တော်အုပ်ထဲက
သော်က ပင်ရိပ်အောက်မှာ
အနုပညာရဲ့ တြိသီလတရား
ဖြူစင်စွာ ၀တ်ဆင်ထားလို့ပေါ့ ။
ပုလွေကြူအေး
နွားကျောင်းသားလေး ....... ။
(၄)
ခုတော့
ကျွန်တော့စိတ်ရဲ့
ဤတံစက်မြိတ်အရိပ်စွန်းအောက်မှာ
သူတို့ဆီက ထိုအရာတွေ
လုယက်ယူနေတယ်
“ လက်ဝါးကပ်တိုင်နဲ့ ဆူးခက်
အဆိပ်ခွက်နဲ့ ကြိုးကွင်းများ
ကျွန်ုပ်ထံပါး ထားခဲ့ကြ ” ...... ။
နိုင်ဝင်းဆွေ
(၁၉၈၆ ဧပြီ ၁ရက် ၊ ကလောင်သက် နှစ် ၂၀ နေ့တွင် ပန်ဆန်း စပါယ်တော စခန်းတွင်
ရေးဖွဲ့သည် )
No comments:
Post a Comment