ဒီ ဘလော့ပေါ် ခင်ဗျား ဖြတ်လျှောက်တဲ့အခါ သမိုင်းမှတ်တိုင်တွေကို ဖြတ်ရမယ် ။ စိတ်အပန်းဖြေစရာ မဟုတ်တဲ့ လူမှုပတ်ဝန်းကျင်ရဲ့ သက်ပြင်းသံတွေကို ခင်ဗျား ကြားရ နာရ လိမ့်မယ် ။ အဲဒီအသံတွေကို ခင်ဗျားတို့ ရင်ဘတ်ထဲ အထိရောက်ဖို့ ရည်ရွယ်ပါတယ် ။
Wednesday, April 24, 2013
“ထစ် (အ / ချုန်း)”
(တစ်ခါတုန်းကတနင်္ဂနွေတစ်ခုမှာပေါ့)
ဥရောပကိုရောက်နေတဲ့သိုးဖြူတွေ၊ သိုးမည်းတွေ
လမ်းကြောင်းမှားရင်းဘုရားကျောင်းတစ်ခုထဲရောက်သွားသတဲ့။
…………..
………..
……..[တေးသံဟာ တိမ်ဝင်သွားတယ်။ ]
အဲဒီမှာသူရဲကောင်းစစ်စစ်မှပန်ရတဲ့ နှင်းဆီခင်းနီနီကြီးကို အတွေ့၊
အဲဒီမှာအပြုံးတွေမပါတဲ့ ဆာရီပန်းကားကြီးတစ်ကားကို အတွေ့၊
အဲဒီမှာနှင်းနံ့သင်းတဲ့ ၀ိုင်တစ်ပုလင်းကို အတွေ့၊
……………………
………………………………..
………………………………………….[တီးလုံးဟာ ပြင်းထန်လာတယ်။]
အိမ်မှာကျန်နေရစ်တဲ့ (ညီမလေး)တွေအတွက်
ဘုရားသခင်ပုံပါတဲ့ဂစ်တာသံတွေကို ဖွက်ထားလိုက်ကြသတဲ့။
……..
……..
……..[ပရိတ်သတ်ဟာ ဘာသံမှ မကြားရဘူး ]
ခုထိ
သူတို့တည်းသွားတဲ့ ဘုရားကျောင်းကြီးဟာ
(တနင်္ဂနွေနေ့)တွေတိုင်းမှာခေါင်းလောင်းသံတွေ တိတ်ခဲ့တယ်တဲ့။
ခုပြန်ပြောနေတာတောင်
(တော်တော်ကြာခဲ့ပြီထင်တယ်။)
……..
[ပရိတ်သတ်ဆီကလည်းဘာသံမှ ထွက်မလာဘူး။]
အဓိပ္ပာယ်မထွက်ဘဲ
နေတဲ့နေ့တွေဟာတခါတလေ နေလို့ကောင်းနေပြန်တယ်။ ။
စိမ်းခက်စိုး
(တနင်္ဂနွေ) ဧပြီ ၂၁၊ ၂၀၁၃
Subscribe to:
Post Comments (Atom)
No comments:
Post a Comment