Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့

Wednesday, April 24, 2013

ကဗျာနဲ့ ထုထားတဲ့ ပန်းပု

မောင်ချောနွယ်အတု ရှိခဲ့တယ်

လှသန်းအတု မရှိခဲ့ဘူး
အတုမရှိတဲ့ လှသန်း
ငါတို့ကို လွမ်းအောင်ဖန်
နိုင်ငံတ၀န်းရှိသမျှ
သမ္မတက အစ
ဆိုက္ကားဆရာ အဆုံး
သူ့ကဗျာတွေ လုံးဝ နားလည်
ပညာသည် မဟုတ်ပေဘူး
စူးစူးနစ်နစ် ယုံကြည်
ဒီမိုကရေစီကို သူချစ်ခဲ့
လူတန်းစား အလွှာလွှာ အသီးသီးကို
ကဗျာနဲ့ သစ္စာတိုင်ပြီး သူချစ်ခဲ့
ကဗျာ ဆရာအစစ်တွေကို သူချစ်ခဲ့
ဘာမဟုတ် ညာမဟုတ်တာတွေ ပစ်ပယ်
လှည့်ထွက်သွားပြီ ဟယ်… နည်းနည်းမှ မငဲ့ကွက်
တ၀က်တပျက် နိုင်ငံတော်သစ်
တ၀က်တပျက် ထူထောင်ရေး
တ၀က်တပျက် လင်းပွင့်လာရေး
တ၀က်တပျက်….
တ၀က်တပျက်…
လှသန်းအစစ် ကမ္ဗည်းပြန်ဖြစ်မှု
ဂရုမထားတော့ပြီလား
တစ်ခုမှ သူယူမသွားရှာ
သြော်- နောက်ထပ်ရေးမယ့် သူ့ကဗျာတွေက လွဲလို့။

(ပြည်သူ့ကဗျာဆရာ လှသန်း သို့)

မအိ

No comments:

Post a Comment