Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့

Tuesday, April 23, 2013

ဒီမနက်ထွက်သွားတဲ့ရထားတစ်စင်း

နောက်ဆုံးတော့ ပိတောက်ပန်းဟာ
ရောက်အောင်လာနိုင်ခဲ့တာပဲ

ချစ်သူကိုပိတောက်မပန်ဆင်ပေးခဲ့ဖူးသူ
ပိတောက်ပင်အိုကိုမော့ကြည့်ရင်း
အသင်းပျံ့ဆုံးပန်းတစ်ခက်
စိတ်ကူးနဲ့ ခူးဆွတ်ပေးပို့လိုက်ပါတယ်

အပေါ်ယံယှက်နွှယ်ဖူးခဲ့တာမှမဟုတ်ဘဲကွယ်
မင်း ကိုယ့်ကိုသတိရတဲ့အခါ
ခပ်ပျံ့ပျံ့ ခြုံလွှမ်းလာမယ့်ပိတောက်ရနံ့ဟာ
ရွှေဝါရောင်ကိုယ့်ချစ်ခြင်းတရားဖြစ်တယ်

ဝေးဝေးကမြို့လေးဆီ
အလွမ်းဟာ သံရှည်ဆွဲ ခုတ်မောင်းသွားခဲ့ပြီ

19 4 2013

No comments:

Post a Comment