Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့

Tuesday, April 23, 2013

ကဗျာဟာ ၅ မိနစ်အတွင်း ထုတ်လုပ်ခြင်းခံလိုက်ရတယ်



ဟေ့ !!!
ကဗျာနဲ့ကဗျာကြားမှာ မသာနဲ့ မသာရထားဘဲရှိတယ်မှတ်
ဟောဒီ ကဗျာဆိုတဲ့အကောင်ကို အခုလေးတင် google search မှ ထုတ်လုပ်လိုက်တယ်

ကဗျာနဲ့ကဗျာဟာ ဖရေဇာလမ်းပေါ် ပခုံးချင်းတိုက်မိကြ
ကဗျာတစ်ကောင်က ကဗျာ့ကလျာဏယုဝအသင်းကိုထောင်တယ်
ကဗျာနောက်တစ်ကောင်က ကဗျာ့ထွက်ရပ်ဂိုဏ်းဖွင်္ဲ့တယ်
ကဗျာနဲ့ကဗျာဟာ တင်္ခနုပ္ပတ္တိဉာဏ်နဲ့ “...” တက်ဖိဟန်ပြုကြ
ကဗျာနဲ့ကဗျာဟာ ထိုးကြခုတ်ကြကိုက်ကြရိုက်ကြတယ်
ကဗျာဆိုတဲ့အကောင်ဟာ လူထူထူရှိပြီဆို ရီးဖြဲပြတယ်
ကဗျာဆိုတဲ့အကောင်ဟာ အမျိုးသားရေးလေမျိုးရှစ်ဆယ်ဒေသနာမြွက်ကြားတယ်
ကဗျာဆိုတဲ့အကောင်မှာ အတွင်း ၃၇ မင်း အပြင် ၃၇ မင်းရှိတယ်
ကဗျာဆိုတဲ့အကောင်ဟာ ဝံသာနုဆေးတစ်ဖုံနဲ့ ရောဂါစုံ ကုတယ်
ကဗျာဟာ ဝမ်ကျားပေါင်ကိုစိန်ခေါ်တယ်
ကဗျာဟာ လပဒေါင်းတောင်ကိုစိန်ခေါ်တယ်
ကဗျာဟာ ဇော်ခင်လိုလို ပေါ်ပင်လိုလိုလုပ်တယ်
ကဗျာဟာ လှသန်းဖြစ်တဲ့အခါဖြစ်
ကဗျာဟာ ခေတ်လူငယ်ပီပီ လိင်မှုနည်းနည်းစွက်မယ် ခွင့်လွှတ်ပါ
ကဗျာဟာ ဖြီတယ် ဖဲ့တယ် ဖုတ်တယ် နွှာတယ် ဇယားရွှေ့တယ်
ကဗျာဟာ လမ်းသူရဲဗေဒကို ထမင်းစားရေသောက်သင်ယူတယ်
ကဗျာဟာ hybrid conceptual LP ဘယ်လမ်းမောင်းမောင်း မောင်းသူနောက် လိုက်မှာဘဲတဲ့
ကဗျာဟာ နိုင်ငံရေးမဂ္ဂင်ဖောင်ကြီးကို အခမပေးဘဲစီးတယ်
ကဗျာကိုယ်တိုင်ဟာလည်း လေဖမ်းဒန်းစီး ဒီမိုအာဝါဒီးများအတွက် ထမင်းစားလက်မှတ်ကြီးဖြစ်သွားတယ်
ကဗျာဟာ စာများတယ် အရုပ်နည်းတယ်
ကဗျာဟာ ထုံးလေးလေး ဆေးမွှေးမွှေး
ကဗျာဟာကဗျာဖြစ်လာဖို့ ဗမာငွေ ၅ သိန်းတော့ လို(သတဲ့)
ကဗျာဟာ အုပ်ရေ ၅၀၀ အပြင် ပိုမရိုက်ရဘူး (တဲ့)
အဟက်ခ် ...

ဟေ့ ... ကဗျာဟာ ကဗျာများမှ ထုတ်လုပ်ခြင်းခံရ
ဟေ့ ... ကဗျာဟာ ကဗျာကြားမှ ရုန်းထွက်ခဲ့ရ
ဟေ့ ... ကဗျာဟာ နေရဲရဲ သေရဲရဲဟေ့ !!!!
ဟေ့ ... ကဗျာဟာ စကားလုံးပွတ်ချွန်းတစ်လိပ်ဟေ့ !!!!
ရော့ .. အင့် ကဗျာကို မီးညှိဖွာရှိုက်

ရောမမြို့ကို တစ်ရက်တည်းနဲ့ဆောက်ခဲ့ရတာမှမဟုတ်ဘဲ
ငါ့ကဗျာဟာ ၅ မိနစ်နဲ့ သောတာပန်တည်တယ်။




  
မား ဆိုး
၂၆၊ ၀၂၊ ၂၀၁၃

No comments:

Post a Comment