Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့

Monday, April 22, 2013

လူ့ဘဝ




ကိုယ့်ဇာတိနဲ့ကိုယ် ပွင့်ခဲကြပြီးပြီ
ကိုယ်မော့သောက်ခဲ့ကြတဲ့ အတိုင်း ကိုယ်လားခဲ့ရ
ဒီ ဒုလ္လဘတရားမှာ ငါတို့နေပျော်ခဲ့ကြသလား ။

ကိုင်းညွှတ်နေတဲ့ မျက်လုံးတွေနဲ့ ကိုယ်အရိပ်ကိုယ် ပြင်ဆင်ရင်း
တချို့တွေနောက်ကျခဲ့ကြပြီး တစ်ချို့တွေ စောသွားခဲ့ရ
နောက်ထပ် မျက်နှာအသစ်တစ်ခု တပ်ဆင်ခွင့် မရမီထိ ။

ဘိုဟန်
5.2.2013

No comments:

Post a Comment