Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့

Monday, April 22, 2013

လက်တွဲဖော်


ပြက္ခဒိန်တစ်ခုပြီး တစ်ခုပြောင်းခဲ့
ဟောင်းမသွားတဲ့ စီးဆင်းမှုက မောင်လိုနှမလို
ကိုယ့်အပြုံးသူမှီ သူ့အပြုံးကိုယ်မှီရင်း
ခေတ်တွေ၊စနစ်တွေကို အံကြိတ်၊မာန်တင်း
ထင်းတင်းနေတဲ့ လက်အစုံက
အကြောတွေထောင်းထောင်းထအောင်
ပွင့်အန်လာမဲ့ မျက်ဝန်းအိမ်ထဲက မျက်ရည်စကို
ငါတို့ တစ်ယောက်ကို တစ်ယောက် ရပ်တန့်ပစ်လိုက်ကြပါပြီ ။ ။

ဘိုဟန်
6.2.2013

No comments:

Post a Comment