Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့

Monday, April 22, 2013

"လူငယ်"




ဟေ့ "God Save The Queen"တဲ့ 
မဆီမဆိုင် ငါတို့ ဘုရင်မဟုတ်တဲ့ ဘုရင်မအကြောင်းသီးချင်းကို
ငါတို့ ဟာညည်းရင်း....
ငါတို့ ဟာ ငါတို့ အတွက်ပဲဖြစ်ချင်တယ် ငါတို့ ဖြစ်ချင်တာပဲဖြစ်ချင်တယ်ဆိုတာ
ပလက်ဖောင်းတွေသိတယ်....အခြွေခံလိုက်ရတဲ့ ပြာတွေသိတယ်...ဖက်ဖူးရောင်သိတယ်
ငါတို့ ဟာ ဘာကိုမှ ထုချေစရာမလိုအောင်ကို ဘယ်အရာကိုမှဂရုမစိုက်
နိုးမန်းနီး ဒါပေမယ့် ဟန်နီတွေကတော့ ပေါတယ်
ပျော်စရာမကောင်းတဲ့ နေ့ ရက်များဟာ ဘော်ဒါတွေမစုံလို့ ဘဲ
ဂျော်နီဟာ မင်းတို့ အပေါ်ကောင်းပါလိမ့်မယ်
ဥပမာ စစ်ပြန်ကြီး မစ္စတာဒင်နီရဲ့ သေတမ်းစာမတိုင်ခင်မှာ
ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် ရဲဘော်တို့ သေရည်ပုလင်းကို အသက်နဲ့ မကွာထိန်းကြ
အိမ်မက်များဟာ
ဂျင်ဂဘယ်ဟာ လိုင်ယားဖြစ်ကြောင်း
ကျောင်းဟာ ထောင်အဖြစ် သက်သေပဲ
စနေ၊တနင်္ဂနွေများ ပျင်းရိဖွယ်ရာ
ကမ္ဘာမြေဆိုတာ တော်လှန်ရေးမဟုတ်လား
အနင်းခံကျောက်တုံးများရာဇ၀င်
အုတ်နံရံတွေထဲက အုတ်တုံးလေးတွေအသိ
ဘာပဲဖြစ်ဖြစ်
ငါတို့ ဟာ ကမျူးရဲ့ စည်းအပြင်ကလူကိုဖတ်ပြီး
အဲ့နံရံကို ဖြိုဖို့ ကြိုးစားနေတယ်ဆိုတာ
ရေငြိတွေသိတယ်..။


ဒေါင်းခေတ်

No comments:

Post a Comment