ကျွန်တော်ဟာ
တစ်ခါက လူငယ်ပဲ။
အသွေးအသားထဲ
Guns’ NRoses တို့ ဖူးပွင့်
အချစ်ဦးအိမ်ရှေ့ မှာဂစ်တာဒေါင်ဒင် လှိုင်းခတ်
နိုင်ငံရေးမသိတဲ့ရွှေငါးလေးလည်း ဖြစ်ခဲ့ဖူးတာပဲ ။
တစ်ခါက လူငယ်ပဲ။
အသွေးအသားထဲ
Guns’ NRoses တို့ ဖူးပွင့်
အချစ်ဦးအိမ်ရှေ့ မှာဂစ်တာဒေါင်ဒင် လှိုင်းခတ်
နိုင်ငံရေးမသိတဲ့ရွှေငါးလေးလည်း ဖြစ်ခဲ့ဖူးတာပဲ ။
လူငယ်ဟာ လူငယ်ပဲ
ယုံကြည်ရာမှာ
သူငယ်ချင်း၊ လက်ဖက်ရည်ဆိုင် ၊ သေတင်းကုပ်နဲ့ 
ရဲဘော်ချေတီရှပ်များ မချွတ်တမ်း ဝတ်ရင်း
စာအုပ်များကိုသူ့  ဘာသာတရားအဖြစ် မှတ်ခဲ့ ။
ခေတ်ကြီးတစ်ခုလုံးမောင်းထွက်သွားအောင်
ငါတို့ အားနဲ့တွန်းရွှေ့ ကြေး မန္တန်လဲ
အဖေါ်ကောင်းရင်လှိုက်လှိုက်လှဲလှဲ ရွတ်ခဲ့
လမ်းများထက် သေနတ်သံများအောက်
မကြောက်တရား ပန်းချီဆွဲတယ်
အမှန်တရားကို ဈေးကောင်းပေးဝယ်မယ် ။
လူငယ်မှာလူငယ်သွေးရှိတယ် ။
ဖေါက်ထုတ်ပြီးသာကြည့်လိုက်တော့
ရဲပတောင်းခတ်၊ ထကြွကာ
အနာဂတ်ကိုတစ်ဆက်က တစ်ဆက်လက်ကမ်းပေးကာ
“လူငယ်မှလူငယ် အသံဘယ်လောက်ကြားရလဲ” မမေးနဲ့  …..
“နေမြဲ အေးဆေး ၊ အမြဲတမ်း လန်းဆတ်လျက် ”
ခေတ်ပျက်များမှသည်ခေတ်ကောင်းများအထိ
တောရိုင်းနှင်းဆီများလိုငါတို့ လူငယ်တွေ
အမြင့်ပျံကြိုးကြာများလို ငါတို့ လူငယ်တွေလေ …..။
ကျော်မျိုး
၉ ၊ ဧပြီ ။ ၂၀၁၃ ။
No comments:
Post a Comment