Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့

Monday, April 22, 2013

လူငယ် (၂) - ကျော်မျိုး



ငါ့တို့ မှာ၁၅၀၀ ပဲ ရှိတယ် မပြောနဲ့ 
အူကြောင်းကျားလေးတွေပါလို့ မနှိမ်နဲ့  ။
လူငယ်ဟာ
ချစ်ခြင်းကိုမြည်းစမ်းရင်း တစ်ထောင့်တစ်ည အိပ်မက်များနဲ့ 
ထိုမှ ထို့အပြင်
ရွှင်လန်းသောအတွေးများနဲ့ 
နိုင်ငံ့အတွက်ရော အသက်စွန့် ဝံ့တယ် ပြောတယ်
အာဏာရှင်စနစ်မကောင်းကြောင်း
အရက်ဆိုင်မှာ အကျယ်ကြီးပြောတယ် ။

ငါတို့ မှာတော်လှန်ရေး ရှိတယ် ။
မကျေနပ်ရင်သမ္မတလည်း ထိုင်ဆဲနေမှာပဲ ။
လူကြီးမိဘများမှသည် အရာရာအထိ
ကြည့်မရရင် ပုန်ကန်ကြေး ၊ အိမ်က ဆင်းသွားကြေး
အရက်မူးပြီး ရေအိုးခွဲတဲ့ကျောင်းသားလေးလဲ
နောင်တစ်ချိန်မှာ ဒေါက်တာသန်းထွန်းဖြစ်လာတာပဲ ။
လူငယ် ကိုအောင်ဆန်းဟာ
လူထုရင်ခွင်ထဲမရောက်ခင် အရင်
ကြမ်းပိုးများတဲ့အိပ်ရာတစ်ခုနဲ့  တက္ကသိုလ်ကျောင်းသားပဲ ။

ဒီနေ့ လူငယ်ဟာဆံပင်ကိုထောင်လျက်
ပန့် ခ်စတိုင်လက်သည်းအမည်းဆိုး ၊ ပဲလှော်* စားထားလည်း
အမေရိကန်လူမည်းတွေလိုဟစ်ဟော့ပ်ဆိုရင်း ရိုက်ပွဲနွှဲလည်း
အချိန်တန်ရင်လမ်းပေါ်အရင်ထွက်မယ် ။
ရွှေဝါရောင်* မှာ ဘုန်းဘုန်းတွေနဲ့ လူငယ်
နိုင်ငံတော်ကိုအတူ လှန့် နှိုးခဲ့တယ် ။

အာရပ်နွေဦးကိုဘယ်သူတွေစခဲ့လဲ……..
ကမ္ဘာ့တိုက်ကြီးများအလိုက်ပျိုမြစ်ခြင်း လှိုင်းလုံးများ
လူငယ်ဟာ နေရာအနှံ့မှာ
အရာရာကိုသူတို့ ကစ ဖန်ဆင်းလေတယ် ၊

အဲဒီ့တရားခင်ဗျား ယုံတယ်မလား  ။


                                      ကျော်မျိုး
                                      ၉ ၊ဧပြီ။၂၀၁၃

 ခက်ဆစ်
ပဲလှော်= ဒိုင်ယာဆီဖင်
ရွှေဝါရောင်= ၂၀၀၇ ရွှေဝါရောင် လူထုလှုပ်ရှားမှု

No comments:

Post a Comment