Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့

Wednesday, April 24, 2013

နံနက်ခင်း နှင်းဆီ

မင်္ဂလာပါ
ဟောဒီ ကမ္ဘာမှာ
နံနက်ခင်း နှင်းဆီဖြူ တစ်ပွင့်
ဖူးပွင့် ခဲ့ပြီလေ
ကြည့်စမ်း
လွမ်းစရာပ
တမ်းတဖွယ် ဖြစ်နေပြီ
ကြိမ်ခြင်း
ထမင်းဘူး
ပြဌာန်းစာအုပ်များနဲ့
လှလှပပ ပြုံးလို့
အဲသလို မလုပ်နဲ့ကွယ်
၃၀ကျော် အရွယ် ဆိုတာလဲ
ရင်ခုန်သံ စိတ်ခလုတ်ကို
မထိန်းချုပ်နိုင် သေးဘူးလေ
ထိုးပုံ အပ်လိုက်စမ်းချင်ရဲ့
ငါ့ဘ၀ရဲ့
အထီးကျန် အစိတ်အပိုင်း များအားလုံး
ကလေးတွေရဲ့ အနာဂတ်ကို
မင်းဆုပ်ကိုင် ထားသလိုမျိုး
စိမ်းတဲ့
ပန်းပွင့်ဖြူ ကလေးရေ
မင်းရဲ့ ပြဌာန်းစာအုပ်ထဲမှာ
ငါရှိနေလေရဲ့
မသိလေရော့သလား
လှန်လှော ကြည့်လိုက် စမ်းပါ
မင်းရဲ့ လက်ချောင်းလှလှ လေးတွေနဲ့ပေါ့
အဲဒီ ပန်းနုရောင် စာမျက်နှာလေးကို ..

မောင်သင်းဝေ

No comments:

Post a Comment