Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့

Monday, April 22, 2013

ပေါ်မလာ ဇာတ်ကားမှာ ခင်ဗျားဟာ တစ်ထီးတစ်နန်း


အပြောအဆိုဆင်ခြင်စမ်းပါ
ပွဲစားပါးစပ်နဲ့ကျွန်တော်တို့ကိုနှမ်းလာမဖြူးနဲ့
ကဗျာဟာ ကဗျာ ဘီလူးဆိုင်းဟာ ဘီလူးဆိုင်း
အပြုသဘောမှာ နည်းနည်းလေး ရိုင်းနေတယ်
လေမှာ အရုပ်ရေး ခင်ဗျားအတွေးဟာ မီးခိုးငွေ့သက်သက်
တိမ်အရိပ်ကိုကြည့်  ရာသီဥတုဟာ ဘယ်လို မိုးလေ၀သဟာ ခင်ဗျားခေါင်းအထက်
သာမန်ကျောမွဲနင်းပြား ဇာတ်ထုတ်ထဲ မှာ ငဘ ဟာ လည်းလူပါ
ခင်ဗျားခုတ်လှဲခဲ့တဲ့ သစ်ပင် ခုထိ အညွှန့်မထွက်တော့ကြောင်း
ဒီကိစ္စမှာ ၀တ်ကြီး ၀တ်ငယ် ကျွန်တော်တို့က ပတ်ဝန်းကျင်နည်းနည်းဆန်တယ်
ခင်ဗျားစုပ်ယူနေတဲ့သွေး ဟာ ဘယ်သူ့သွေး ဘယ်ဝါသွေး ခေါင်းလေးနည်းနည်း အလေးခံလိုက်
သက်တံဟာ ကွေးကွေးလေးနဲ့လှကြောင်း ၊  ဘယ်ခွေးအမြီးတွေကိုမှ မချီးမွမ်းဖြစ်
အတိတ်မှာဘာဖြစ်ခဲ့တယ် ၊ အနာဂတ်မှာ ဘယ်လို ဖြစ်မယ်
ပစ္စုပ္ပန်မှာ  ခင်ဗျားဟာ ဘုရားစောင်းတန်းက ဗေဒင်ဆရာ
ဒီကား မှာတော့ အရောင်တွေ သိပ်မသုံးပါနဲ့ ဆရာရယ်
အဲဒီ အနီရောင်တွေ မြင်ရင် အာရုံနည်းနည်းနောက်တယ်
ခင်ဗျားထိုးလိုက်တဲ့ ပန်းအိုးဟာ ဘုရားမှာ ယတြာ
အိမ်သာလို့ ဧည့်သည်ရောက်တာလား ၊ ဧည့်လာစေချင်လို့ အိမ်ကိုသာသာယာယာလုပ်ပေးရတာလား
အပြင်မှာတော့ ကျီးတွေတော်တော်အာနေတယ် ။

ညောင်ရမ်းမင်းသား ဟာ မင်းလောင်း
ဦးခန္တီဟာ မင်းလောင်း ၊ ဆရာစံဟာ မင်းလောင်း
ဗိုလ်ချုပ်အောင်ဆန်း ဟာ မင်းလောင်း
အဲဒီလို ချဉ်ခြင်းမတတ်ပါဘူး ...........
ပွင့်ပွင့်လင်းလင်းပြောရရင်

မေမေရယ် ကျွန်တော် မနက်ဖြန်တွေကို တော်တော်ဆာလောင်နေတယ် ။

 ဘိုဟန်
Thursday, May 17, 2012 at 1:20am

No comments:

Post a Comment