Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့

Monday, April 22, 2013

လက်ခုတ်သံဟာ ခင်ဗျားကို ညှပ်ပူးညှပ်ပိတ်


ကားဈေးတွေကျနေတယ် ဆိုက္ကားဆရာ ဆိုက္ကားအားလား
ဘ၀အတွက် ၀မ်းပက်တူးပက် ဆိုလို့ ချက်အရက် လမ်းတွေဟာ ကျောက်ပေါက်မာ ဗလပွ
မဖွင့်ရသေးတဲ့ သေတ္တာတစ်လုံးအတွက် မျက်လှည့်ဆရာရယ် ၊ ခေတ်ပေါ် ၀တ်စုံဝတ်လစ်စလစ်ထွက်ကျ
ခင်ဗျား သိဒ္ဓိဟာ ခင်ဗျား အရွယ်အစားနဲ့ ဂိုက်နဲ့ဆိုက်နဲ့ ၊ ဒူးနေရာဒူးတော်နေရာတော်
အနေအထားဟာ မြွေ ၊ ဖား ပြောမရ
ခရေပွင့်ဟာ ခြောက်သွားတဲ့ ရနံ့ ပတ်ဝန်းကျင်တစ်ခုလုံးမွှေးတော့
အရိုးဆွေးခြင်း မဆွေးခြင်း ထည့်စဉ်းစားနေသေးလား
ဒီလူတွေရဲ့ အမွှေးတွေ ကျွတ်သွားခဲ့ရင် ခင်ဗျားအပြစ်မတင်နဲ့
အားလုံးဟာ ဟိုသီချင်းထဲကလို အားလုံး ကိုယ့်ဘ၀နဲ့ကိုယ်
အဲဒီ ကွက်လပ်ဖြည့်မေးခွန်းဟာ ခင်ဗျားကိုယ်တိုင် ဖြေဆိုရမယ့် မေးခွန်း
မန်ယူ ဖလားမရခြင်းမှာ တသင်းလုံးမှားခဲ့ကြတဲ့ အရောင်းအ၀ယ်
အဲဒီချိန်ခွင်လျှာဟာ ခင်ဗျားဘက်လှည့်လာရင် မိမိကိုယ်ကိုယ် ကောင်းအောင်ကြိုးစားပါ ဖြေဆိုလိုက်
ဒီစာကြောင်းမှာ ခင်ဗျာ ရဲ့ စိတ်ကူးရင်မှုတွေ ထည့်မရေးနဲ့ လဘ်ပါးတယ်
လူမှုဘ၀ကွန်ယက်ထဲ ခင်ဗျားဟာ ဒေါင်လိုက် ..... ပြီးတော့  အလျားလိုက်
ဒီအစီအစဉ်ဟာ အများပြည်သူအားလုံး ကြည့်ရှုရန်
လက်ခုတ်ဟာ နှစ်ဖက်တီးရင် အသံမြည်သတဲ့ မယုံမရှိနဲ့ ကောင်းခြင်းဆိုးခြင်း
အဲဒီပုလင်းတွေအားလုံး ဟာ ဗူးစို့အတူ ကျဉ်းကျဉ်းနဲ့ ကြပ်တယ်
မယုံမရှိနဲ့ အဲဒီပရိသတ်ရဲ့ လက်ခုတ်သံဟာ ခင်ဗျားကို ညှပ်ပူးညှပ်ပိတ် လက်ခုတ်ထဲထည့်
ခင်ဗျားဟာ ခရေပန်းလေး တစ်ပွင့် ဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ် ။

ဘိုဟန်
9.5.2012
အင်္ဂါ
  Wednesday, May 9, 2012 at 2:28am

No comments:

Post a Comment