Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့

Monday, April 22, 2013

လ္ဖက်ရည်ဆိုင်


 စာပွဲထိုးလေးရဲ့ ရင်ဘတ်ကနံပါတ်ဟာ အသေမဟုတ်ဘူး
နံရံမှာ အသံတွေကပြန်ပြန်ကန်ထွက်လာတယ်
ဟေ့လူ ..... ခင်ဗျာ မိုးတိုးမတ်တပ်ရပ်နေတာ လမ်းပေါ်မှာ မဟုတ်လား
အသက်တွေက တစ်စတစ်စ ပါးလှပ်လာလိုက်တာဗျာ
ဟုတ်ကဲ့ ..... ခင်ဗျား သိထားဖို့က ဒီသောက်ရေအိုးစင်မှာ PH 7 တံဆိပ်မပါ
ခင်ဗျားက လေးဖြူ  သူက ဗညားဟန် နောက်လူက ဂျောက်ဂျက်
တစ်ယောက်နဲ့ တစ်ယောက် ရေစီးရေလာမတူတဲ့အကြောင်းခဏခဏ ပြောနေရတယ်
ငှက်တစ်ကောင်ဟာ ပြေးနေတာလား ၊ ရပ်နေတာလား ခွပ်မှာလား
ခြင်္သေ့ကတော့ ငှတ်တုတ်ထိုင် မှိုင်နေသလား ဆင်ကြံကြံနေသလား
ခင်ဗျားလို မုန့်ဆရာ တီးဆရာ အားလုံးကိုယ့်နေရာမှာ ကိုယ့်အထာနဲ့ကိုယ်
ပုံမှန် ၊ ချိုဆိမ့် ၊ ပေါ့ကျ ဆရာ က ဆရာပါဆရာရယ် စားပွဲထိုးလေးရဲ့ ခြေလမ်းမှာ အတွေးတွေကပ်ပါသွားတယ်
အင်း ..... ဟုတ်တယ် ၊ ဘာစီလိုနာ ဆိုတိုင်း ဂိုးတွေတဒိုင်းဒိုင်းမသွင်းဘူးပဲ
ဟေ့ဟေ့ ...... ခင်ဗျား စီးကရက်ကို အရင် ပြာချွေလိုက်ပါဦး
အင်္ကျီတွေ ၊ ပြက္ခဒီန်တွေ အရင်လောက်ရောင်းမကောင်းဘူးဗျ ရာသီစာ ဆရာ
ခင်ဗျား ကိုပြောတာ အဲဒါ  ထီး ..... ထီး ....2012 မှာ  နေပူမိုးရွာ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့လိုလာပြီ ဆရာရဲ့
အေး .............မင်းပြောတာလည်း ဟုတ်တာပဲ
ဟူး ....... သင်္ကြန်တွင်းမှာ ဘုန်းကြီး သွားဝတ် သကွာ
အပူတွေ အပူတွေ သံသရာလည်နေသမျှ အပူနဲ့ကင်းမရဘူး    ဟေ့ ဓာတ်ဗူး တစ်လုံး  .......
လုပ်ပါဗျာ နောက် တစ်လလောက်နေရင် ပြန်ပေးပါ့မယ် ..... ကလေးတွေက ကျောင်းအပ်ရတော့မှာ မိုလို့ပါ
ခက်တယ်ကွာ ခေတ်အခါကြီးက မကောင်းတော့ ငါလောင်းလိုက်တိုင်း ရှုံးနေတယ်
သံသရာဟာ စက်ဝိုင်း ၊ ကမ္ဘာကြီးက လုံးတယ် ...... “ ဂ ” ဟာ ဘယ်လို ကွေ့ကွေ့ ဒီမိုး ဒီရေ ဟာ ဒီလမ်းကိုပဲစီးမှာ
ဟေ့ဟေ့ .......  ဗော်လူး နည်းနည်း ရှော့ပေးပါဦး ၊ မင်းတို့အအေးကလည်း သိပ်မအေးပါလား
အဲဒီကောင်မလေးက ဘယ်သူ့သမီးလည်း ဖလန်းဖလန်းထနေတယ် ... အေး .. သားသမီးမကောင်းမိဘခေါင်းတဲ့
မွေးဌာနီ အညာရပ်ဆီသို့  မျှော်ရည်မျှော်မှန်း စိတ်ဝယ်တမ်းတ ... ဟေ့ရောင် အကြွေပါလား အဘွားကြီးကသနားစရာ
ဘယ်မှာနားရမှန်းမသိပါဘူးကွာ ဘိုးတော်က အိမ်ပြန်မလာနဲ့တဲ့ စောက်ဖောင်းပဲကွာ လ္ဖက်ရည်ဆိုင်က ဗညားဟန်ဖွင့်တယ်
နောက်တစ်ခါ ငါ့တို့ရှေ့လာမရပ်နဲ့ ဒီမှာငါတို့ အလုပ်ရှုပ်နေတယ် .... ဒီကောင်မလေးက ၃ပုလင်း ဒါက ၂ပုလင်းပဲ
အင်း ငါဆိုင် မျက်နှာချက်မှာ ကြပ်ခိုးတွေတောင်တော်တော် စွဲနေပြီ
အမှိုက်တွေလည်း ဆိုင်သိမ်းမှပဲ လှဲတော့မယ် ။

ဘိုဟန်
4.26.12;30
Thursday, April 26, 2012 at 12:39am

No comments:

Post a Comment